နိုင်ငံခြားသားခေါ်ယူမှုစည်းမျဉ်းသစ်မှာ အသင်းငယ်များကို အခက်အခဲဖြစ်စေသည်ဟု ဇွဲကပင်အသင်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
စည်းမျဉ်းသစ်ကြောင့် အသင်းငယ်များ အခက်တွေ့နိုင်ဟုဆိုခဲ့သည့် ဦးဆန်းဝင်း(ယာ)

အောင်သော်ဖြိုး။
ဒီဇင်ဘာ ၃၁။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်တွင် စတင်ကျင့်သုံးမည့် နိုင်ငံခြားသားကစားသမား ၃ ဦးသာ ပွဲထွက်ခွင့်ရရှိတော့မည့် စည်းမျဉ်သစ်သည် လက်ရွေးစင်အဆင့်ကစားသမားများရှိသည့် အသင်းကြီးများအားသာပြီး အသင်းငယ်များ အခက်အခဲဖြစ်စေသည်ဟု ဇွဲကပင်အသင်းမန်နေဂျာ ဦးဆန်းဝင်းကဆိုသည်။

မြန်မာနေရှင်နယ်လိဂ်အသင်းငယ်များသည် နိုင်ငံခြားသားကစားသမားများ၏ကစားအားဖြင့် လက်ရွေးစင်အဆင့် ပြည်တွင်းကစားသမားများပြားသည့် အသင်းကြီးများကို ယှဉ်ပြိုင်နေရခြင်းဖြစ်သည့်အတွက် ယခုကဲ့သို့
စည်းမျဉ်းအသစ်သတ်မှတ်ခြင်းကြောင့် အခက်အခဲဖြစ်လာနိုင်သော်လည်း နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ရည်ရွယ်သည့် စည်းမျဉ်းဖြစ်သောကြောင့် ကောင်းမွန်သောလုပ်ဆောင်ချက်ဖြစ်သည်ဟု ၎င်းကဆိုသည်။

ဇွဲကပင်အသင်းသည် ကစားသမားဟောင်း ဂျူနီယာ၊ ဂျပန်တိုက်စစ်မှူး ကမ်တို့ကို ၂၀၁၆ ရာသီအတွက် ထပ်မံခေါ်ယူခဲ့ပြီး ဆန်ဒေးမက်သရူးနှင့် ချင်းယူနိုက်တက်မှ ကလစ်ဖို့စ်တို့ကို ထပ်မံခေါ်ယူထားသည်။

ဇွဲကပင်အသင်းသည် ရန်ကုန်ယူနိုက်တက်မှ အောင်မိုး၊ ကမ္ဘောဇအသင်းမှ ဥာဏလွင်တို့အပါအဝင် လူငယ်ကစားသမားများကို ခေါ်ယူထားပြီး ပြည်တွင်းကစားသမား ၂ ဦးခန့်ထပ်မံခေါ်ယူရန် စီစဉ်နေသည်ဟု သိရသည်။

comments

error: Content is protected !!