ရီးရဲလ်နှင့်ပွဲတွင် ဆုံးဖြတ်ချက်များအတွက် ဒိုင်ဖြစ်သူကို ရဲတိုင်မည်ဟု ဆိုစီဒက်ခြိမ်းခြောက်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒိုင်ဖြစ်သူ၏ဆုံးဖြတ်ချက်ကြောင့် စောဒကတက်နေသည့် ဆိုစီဒက်ကစားသမားများ

ယမန်နေ့ညက ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ကွင်းလယ်ဒိုင်ဖြစ်သူ၏ဆုံးဖြတ်ချက်များမှာ ပြိုင်ဘက်ရီးရဲလ်အပေါ် အလေးသာသည်ဟု ခံစားရသည့်အတွက် ဒိုင်လူကြီးအဖြစ်တာဝန်ယူခဲ့သော ဟိုဆေးလူးဝစ်ဂွန်ဇာလက်ဂွန်ဇာလက်အား ရဲတိုင်မည်ဟု ဆိုစီဒက်အသင်းက ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

ဆိုစီဒက်သည် ထိုပွဲစဉ်ပထမပိုင်းတွင် အငြင်းပွားဖွယ်ပင်နယ်တီ ၂ ကြိမ်ပေးခဲ့ရပြီး ပွဲပြီးအစီရင်ခံစာတွင် ကွင်းလယ်ဒိုင်ဂွန်ဇာလက်က ဆိုစီဒက်ဥက္ကဋ္ဌ ဂျိုကင်အာပါရီဘေးမှာ ဒိုင်လူကြီးနားနေခန်းသို့ ပထမပိုင်းရပ်နားချိန်တွင် ရောက်ရှိလာပြီး”ရှက်ဖို့ကောင်းတယ်။ ခင်ဗျားတို့က ကျွန်တော်တို့ကို အနိုင်ကျင့်ဖို့ ဒီပွဲကိုတာဝန်ယူထားတာပဲ။ ခင်ဗျားတို့ကို ကျွန်တော်ရဲတိုင်မယ်”ဟု ပြောကြားခဲ့ကြောင်း ထည့်သွင်းရေးသားခဲ့သည်။

ရီးရဲလ်ရရှိခဲ့သည့် ပင်နယ်တီ ၂ ကြိမ်တွင် ပထမတစ်ကြိမ်၌ ဘန်ဇီမာမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးသည်ဟု သုံးသပ်မှုများရှိခဲ့ပြီး ဒုတိယပင်နယ်တီပေးခဲ့ရသည့်အဖြစ်အပျက်တွင် ကားလို့စ်မာတီနက်ဇ်မှာ ဘောလုံးအား လက်ဖြင့်ရည်ရွယ်ချက်ရှိရှိ တားဆီးခဲ့ဖြင့်မဟုတ်ဟုလည်း သုံးသပ်ကြသည်။

ရီးရဲလ်အပေါ် ဒိုင်လူကြီးများက အလေးပေးသည်ဟု စွပ်စွဲပြောကြားမှုများကို ဆိုစီဒက်က ပထမဆုံးအကြိမ်ပြုလုပ်ခြင်းမဟုတ်ဘဲ ခရစ္စမတ်မတိုင်မီ ဗယ်လက်ကာနိုနှင့်ပွဲစဉ်တွင်လည်း ရီးရဲလ်မှာ ပထမပိုင်းကတည်းက ၂ ဦးအသာဖြင့်ကစားနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရသွားသဖြင့် ဗယ်လက်ကာနိုနည်းပြ ပါကိုဂျီမက်ဇ်က စပိန်ဘောလုံးလောကအတွက် အရှက်ရစရာပွဲဟု ကင်ပွန်းတပ်ခဲ့ဖူးသည်။

comments

error: Content is protected !!