ဗန်ဟားလ်ကို အချိန်ပေးသင့်ဟု မိုရက်စ်တိုက်တွန်း

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
5
ဗန်ဟားလ်ကို အသင်းမှထောက်ခံသင့်ဟုဆိုခဲ့သည့် မိုရက်စ်

မန်ယူနည်းပြဟောင်းမိုရက်စ်က ဖိအားဒဏ်ခံနေရသည့် လက်ရှိနည်းပြဗန်ဟားလ်ဘက်မှ မန်ယူအနေဖြင့် ထောက်ခံသင့်ကြောင်း ပြောကြားလိုက်သည်။

ပရီးမီးယားလိဂ် အဆင့် ၄ အပြင်သို့ရောက်ရှိနေပြီး ချန်ပီယံလိဂ်လိဂ်မှ ထွက်လိုက်ရသည့်အပြင် ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေသော မန်ယူနည်းပြဗန်ဟားလ်နှင့်ပတ်သက်ပြီး မိုရက်စ်က”မန်ယူရဲ့ပြယုဂ်တစ်ခုက နည်းပြတွေကို အချိန်ပေးတာပါပဲ။ သူတို့နည်းပြတွေကို အမြဲတမ်းထောက်ခံတယ်။ နည်းပြခဏခဏပြောင်းတဲ့အသင်းမျိုး မဖြစ်ချင်တဲ့အသင်းပါ။ ဗန်ဟားလ်ကို သူတို့တာဝန်ဆက်ပေးမယ်လို့ မျှော်လင့်ပါတယ်။ သူ့အတွက် အချိန်ပိုပေးသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

မိုရက်စ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလက စပိန်ကလပ်ဆိုစီဒက်နည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည့်အချိန်မတိုင်မီ မန်ယူနည်းပြအဖြစ်တာဝန်ယူခဲ့ပြီး ၂၀၁၄ ဘောလုံးရာသီမကုန်ဆုံးမီ ၄ ပွဲအလိုတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၇ တွင်ရပ်တည်နေခဲ့သဖြင့် ၂၀၁၄ ဧပြီလက မန်ယူနည်းပြအဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်။

comments

error: Content is protected !!