မန်ယူ သို့မဟုတ် အင်္ဂလန်နည်းပြဖြစ်လာမည်ဆိုသည်မှာ အဓိပ္ပာယ်မရှိဟု ဂယ်ရီနဗီးလ်တုံ့ပြန်
|
မန်ယူ သို့မဟုတ် အင်္ဂလန်နည်းပြဖြစ်လာမည့်သူမှာ မိမိဖြစ်သည်ဟု ပြောကြားနေမှုများမှာ အဓိပ္ပာယ်မရှိကြောင်း ဗလင်စီယာနည်းပြ ဂယ်ရီနဗီးလ်က တုံ့ပြန်ပြောကြားလိုက်သည်။
မန်ယူဂန္ထ၀င် ဂယ်ရီနဗီးလ်မှာ လာလီဂါကလပ် ဗလင်စီယာကို ယခုလအစောပိုင်းက နည်းပြအဖြစ် အံ့အားသင့်ဖွယ်တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်းမှာ ဖိအားဒဏ်ခံနေရသည့် မန်ယူနည်းပြဗန်ဟားလ်နေရာကို အစားဝင်နိုင်သူအဖြစ်လည်းကောင်း၊ အင်္ဂလန်နည်းပြရွိုင်းဟော့ဆန် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် လက်ရွေးစင်နည်းပြဖြစ်လာမည့်သူအဖြစ်လည်းကောင်း ထင်ကြေးပေးခံနေရသည်။
သို့သော် ဂယ်ရီနဗီးလ်က ထိုကဲ့သို့ပြောကြားမှုများကို ပယ်ချခဲ့ပြီး”နောက် ၆ လနေရင် မန်ယူနည်းပြဖြစ်မယ်၊ အင်္ဂလန်နည်းပြဖြစ်မယ်လို့ ပြောနေကြတာတွေက တကယ်တမ်းဖြစ်လာမှာမဟုတ်ပါဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ရှင်းရှင်းလေးပါပဲ။ အဲဒီလိုမတွေးကြပါနဲ့လို့ ပြောချင်ပါတယ်။ အဓိပ္ပာယ်မရှိတဲ့စကားတွေပါ။ အခုအလုပ်မှာ ကျွန်တော်ပျော်နေတယ်။ ရွိုင်းဟော့ဆန်လက်အောက်မှာ နည်းပြဖြစ်နေရာတ ၀မ်းသာတယ်။ မန်ယူကိုလည်း နှစ်တော်တော်ကြာအထိ ပြန်မှာမဟုတ်ဘူး။ အခုလက်ရှိနေရာမှာ ကျွန်တော်ပျော်နေပါတယ်။ ဗလင်စီယာနည်းပြရာထူးကို ယူလိုက်တာက အဲဒီရာထူး ၂ ခုကို ခုန်ကူးနိုင်ဖို့လို့ ပြောနေကြတာတွေက လုံးဝမဟုတ်ပါဘူး။ ကျွန်တော့်ကို အဲဒီရာထူးတွေအတွက် ကမ်းလှမ်းမှာမဟုတ်သလို ကျွန်တော်လည်း လက်ခံမှာမဟုတ်ပါဘူး။ အဲဒီကိစ္စကို လုံးဝရှင်းစေချင်ပါတယ်”ဟု ဖွင့်ဟခဲ့သည်။
Next : အပြောင်းအရွှေ့အတွက် အလုပ်များနေပြီဟု အာစင်ဝင်းဂါးဖွင့်ဟ