ချဲလ်ဆီးတိုက်စစ်မှူး ဖယ်လ်ကာအို ဇန်န၀ါရီလလယ်အထိ နားရဦးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသူ ဖယ်လ်ကာအို

ချဲလ်ဆီးတိုက်စစ်မှူး ဖယ်လ်ကာအိုမှာ ဒဏ်ရာမှပြန်လည်သက်သာခါစတွင် ထပ်မံဒဏ်ရာရခဲ့သဖြင့် အနည်းဆုံး ဇန်န၀ါရီလလယ်အထိ အနားယူရမည်ဟု သိရသည်။

အသက် ၂၉ နှစ်အရွယ် ဖယ်လ်ကာအိုမှာ မိုနီကာမှ ၁ ရာသီ အငှားစာချုပ်ဖြင့် ချဲလ်ဆီးတွင်ကစားနေသော်လည်း အောက်တိုဘာ ၃၁ ရက်နေ့က လီဗာပူးကို ၃-၁ ဖြင့် အရေးနိမ့်ခဲ့သောပွဲနောက်ပိုင်း ဒဏ်ရာကြောင့် မကစားနိုင်ခဲ့ပေ။

ချဲလ်ဆီးယာယီနည်းပြဂုစ်ဟစ်ဒင့်က ဖယ်လ်ကာအိုမှာ လေ့ကျင့်ခန်းဆင်းနေစဉ် ပေါင်ဒဏ်ရာပြန်လည်နာကျင်လာသဖြင့် အပြည့်အ၀ပြန်လည်သက်သာရန် ၁၀ ရက်အချိန်ယူရမည်ဟု ဆိုသည်။

“အရင်လို ပြန်ဖြစ်သွားတာထင်တယ်။ သူ့ကိုကစားခိုင်းလိုက်တော့ အရင်ကလို ဒဏ်ရာပြန်ရသွားတယ်။ သူ့ပေါင်ထဲက နာနေတာပါ။ ၁၀ ရက်နေရင်တော့ သူကြံ့ခိုင်မှုပြန်ပြည့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကစားနိုင်ဦးမှာတော့ မဟုတ်ဘူး”ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

comments

error: Content is protected !!