အာဆင်နယ်ပွဲစဉ်များကို ဒိုင်လူကြီးအဖြစ် ဂျိုနသန်မော့စ်မကိုင်တွယ်စေရန် အာဆင်နယ်ပရိသတ်များတောင်းဆိုမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အာဆင်နယ်ပရိသတ်များ၏ မကျေနပ်မှုခံနေရသည့် ဂျိုနသန်မော့စ်

အာဆင်နယ်ပရိသတ်များသည် ဆောက်သမ်တန်နှင့်ပွဲကို ဒိုင်လူကြီးအဖြစ်ကိုင်တွယ်ခဲ့သော ဂျိုနသန်မော့စ်၏ဆုံးဖြတ်မှုများကို မကျေနပ်သဖြင့် ထိုဒိုင်လူကြီးအား အာဆင်နယ်ပွဲစဉ်များတွင် တာဝန်ချထားခြင်းမပြုရေးအတွက် တောင်းဆိုမှုပြုလုပ်ရန်စီစဉ်နေကြောင်း သိရှိရသည်။

အာဆင်နယ်က ၄ ဂိုးပြတ်အနိုင်ရခဲ့သော ထိုပွဲတွင် ဆောက်သမ်တန်၏သွင်းဂိုး ၃ ဂိုးမှာ အငြင်းပွားစရာဖြစ်ခဲ့သော်လည်း ပြိုင်ဘက်အသင်း၏ခြေစွမ်းမှာ နိုင်ပွဲရရန်ထိုက်တန်သည်ဟု အာဆင်နယ်ပရိသတ်များက မှတ်ချက်ပြုခဲ့သည်။

သို့သော် ၎င်းတို့မှာ ကွင်းလယ်ဒိုင်ဖြစ်သူ၏ဆုံးဖြတ်ချက်များကို မကျေနပ်သဖြင့် Change.org တွင် ပရိသတ်လက်မှတ်များစုဆောင်းနေကာ မော့စ်အား အာဆင်နယ်ပွဲစဉ်များနှင့်ကင်းကွာစေရန် တောင်းဆိုမှုပြုလုပ်သွားမည်ဟု သိရပြီး လတ်တလောတွင် ထောက်ခံလူ နှစ်ရာကျော်ရှိထားကြောင်း သိရသည်။

ထိုပွဲစဉ်တွင် ဒိုင်ဖြစ်သူ၏ဆုံးဖြတ်ချက်များကို အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကလည်း ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် “ကျွန်တော်တို့ နည်းနည်းကံဆိုးသွားတယ်။ ဘာလို့လဲဆိုတော့ ဂိုးတွေက အငြင်းပွားစရာတွေဖြစ်နေတယ်။ ဒုတိယဂိုးနဲ့ တတိယဂိုး အဓိကပေါ့။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ”ဟု ဝေဖန်ခဲ့သည်။

comments

error: Content is protected !!