တစ်ရာသီအတွင်း ၅ ဦးမြောက်နည်းပြကို ၁ ပွဲတာဝန်ယူအပြီး တူရကီကလပ်ထုတ်ပယ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အသင်းအားဝယ်ယူပြီးနောက် နည်းပြ ၅၁ ဦးပြောင်းလဲခဲ့သည့် ဂျီစလာဘီလီဥက္ကဋ္ဌ(၀ဲ)

တူရကီအဆင့်မြင့်တန်းကလပ် ဂျီစလာဘီလီအသင်းသည် ယခုဘောလုံးရာသီတွင် ၅ ဦးမြောက်နည်းပြအဖြစ် ခန့်အပ်ထားသူအား ၁ ပွဲကိုင်တွယ်အပြီးတွင် ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

အသက် ၆၂ နှစ်အရွယ်ရှိ ဂျီစလာဘီလီနည်းပြ ယီမက်ဇ်ဗူရယ်လ်သည် အသင်းအား ၆ ရက်သာ ကိုင်တွယ်ခွင့်ရခဲ့ပြီး အဝေးကွင်းတွင် ၂-၀ ဖြင့်အရေးနိမ့်ခဲ့သည့်ပွဲစဉ်ကိုသာ ကြီးကြပ်ခွင့်ရခဲ့သည်။

ဂျီစလာဘီလီမှာ စူပါလိဂ်တွင် ပြိုင်ပွဲဝင် ၁၈ သင်းရှိသည့်အနက် ရမှတ် ၁၃ မှတ်ဖြင့် အဆင့် ၁၆ နေရာတွင်ရှိနေပြီး အသင်းဥက္ကဋ္ဌ အီဟန်ကက်ဗ်ကက်ဗ်မှာ ၁၉၈၁ ခုနှစ်က အသင်းကိုဝယ်ယူပြီးနောက် နည်းပြ ၅၁ ဦး ခန့်အပ်ခဲ့သူဖြစ်သည်။

တူရကီမီဒီယာများ၏ဖော်ပြချက်အရ နည်းပြဖြစ်သူ ဗူရယ်လ်မှာ ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူရန်တောင်းဆိုပြီးနောက် ဥက္ကဋ္ဌဖြစ်သူက လက်ရှိကစားသမားအင်အားမှာ လုံလောက်သည်ဟုဆိုပြီး ပယ်ချခဲ့ရပြီးနောက် ထုတ်ပယ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

comments

error: Content is protected !!