ပရီးမီးယားလိဂ်ချန်ပီယံ စပါးဖြစ်နိုင်ဟု ပိုချက်တီနို ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံဖြစ်နိုင်ဟုဆိုလိုက်သည့် စပါးနည်းပြ ပိုချက်တီနို

စပါးအသင်းမှာ ယခုရာသီတွင် ၎င်းတို့၏ပထမဆုံးပရီးမီးယားလိဂ်ဖလား ရနိုင်ခြေရှိသည်ဟု စပါးနည်းပြ ပိုချက်တီနိုက ပြောကြားလိုက်သည်။

စပါးမှာ ၀က်ဖို့ဒ်ကို အနိုင်ရအပြီးတွင် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နှင့် ၄ မှတ်အကွာ အဆင့် ၄ နေရာတွင်ရှိနေသည်။

“ဖလားရဖို့အတွက် ဖြစ်နိုင်ခြေက အမြဲရှိပါတယ်။ အရေးအကြီးဆုံးက ကျွန်တော်တို့ဆက်ကြိုးစားဖို့ပါပဲ။ ကျွန်တော်တို့အသင်းက လူငယ်တွေများပါတယ်။ ချန်ပီယံဖြစ်ဖို့အကြောင်း ပြောပြီဆိုရင်တော့ တစ်ရာသီလုံး ခွန်အားအပြည့်ရှိနေမှဖြစ်မှာပါ။ ၀က်ဖို့ဒ်နဲ့ပွဲမှာကစားခဲ့သလိုခြေစွမ်းမျိုးရဖို့ ပွဲတိုင်းကြိုးစားနေဖို့လိုပါတယ်”ဟု ပိုချက်တီနိုက ပြောကြားခဲ့သည်။

စပါးမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆင့် ၃ အတွင်းဝင်၍ ရာသီမသိမ်းခဲ့ဖူးဘဲ ၂၀၀၉-၁၀ နှင့် ၂၀၁၁-၁၂ ရာသီတို့တွင်သာ အဆင့် ၄ နေရာဖြင့် ရာသီသိမ်းခဲ့သည်။

comments

error: Content is protected !!