မော်ရင်ညိုထွက်ခွာပြီးနောက် ဟစ်ဒင့်လက်ထက်တွင် ချဲလ်ဆီးပိုတိုးတက်လာဟု မီးခေးလ် ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဟစ်ဒင့်လက်ထက်တွင် အသင်းခြေစွမ်းတိုးတက်လာသည်ဟုဆိုခဲ့သည့် မီခေးလ်

ချဲလ်ဆီးကစားသမား မီခေးလ်က မော်ရင်ညိုထုတ်ပယ်ခံလိုက်ရပြီးနောက် အစားထိုးဝင်ရောက်ခဲ့သည့် နည်းပြဟစ်ဒင့်လက်ထက်တွင် အသင်းခြေစွမ်းပိုမိုတိုးတက်လာခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

ချဲလ်ဆီးမှာ ဟစ်ဒင့်လက်ထက်တွင် ၂ ပွဲသရေကျထားပြီး နိုင်ပွဲမရသေးသော်လည်း ထိုနည်းပြကိုခန့်အပ်ခဲ့မှုမှာ မော်ရင်ညိုထုတ်ပယ်ခံရပြီးနောက် ချဲလ်ဆီးအသင်းသားများ၏စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရှေ့ဆက်ခဲ့တယ်။ နည်းပြအပြောင်းအလဲဖြစ်ပြီးချိန်မှာ အသင်းအနေအထားလည်း တိုးတက်သွားတယ်။ နိုင်ပွဲမရသေးပေမယ့် အဆင်ပြေတဲ့ခြေစွမ်းမျိုး ဖြစ်နေပါပြီ။ မော်ရင်ညိုက နည်းပြကောင်းပါ။ အမြဲတမ်းလည်း အဲဒီလိုပဲဖြစ်နေမှာပါ။ ဒါပေမဲ့ ဘောလုံးလောကဆိုတာ ပြောရခက်တယ်။ ရှေ့ဆက်နိုင်ဖို့လိုတယ်။ ချဲလ်ဆီးကို ဒုတိယအကြိမ် သူပြန်လာပြီး ဖလား ၂ လုံးယူပေးခဲ့ပေမယ့် အခု သူမရှိတော့ဘူး။ ကျွန်တော်တို့လည်း လုပ်စရာရှိတာဆက်လုပ်ရမယ်။ သူ့ကိုထုတ်ပယ်ခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက် ဟုတ်၊ မဟုတ်ကတော့ မသိနိုင်ဘူး။ ရှေ့ဆက်ကြည့်ရမှာပေါ့။ ဟစ်ဒင့်က အပြောင်းအလဲအများကြီး မလုပ်ရသေးပါဘူး။ ဒါပေမဲ့ အရင်က ဒီအသင်းကို သူကိုင်တွယ်ဖူးလို့ အားလုံးနီးပါးကို သူသိနေတယ်။ ကစားသမားတွေထဲမှာတော့ ကျွန်တော်နဲ့ ဂျွန်တယ်ရီပဲ သူနဲ့ဆုံဖူးပေမယ့် ဘာလုပ်ရမလဲဆိုတာ သူသိတယ်။ ကျွန်တော်တို့က ဇယားအောက်ပိုင်းရောက်နေတော့ သူလည်း ရောက်ရောက်ချင်း အံ့သြစရာတွေ လုပ်မပြနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီနေရာကနေ ရုန်းထွက်ပြီး ဇယားအပေါ်ပိုင်းကို ကျွန်တော်တို့တက်နိုင်ရမယ်။ အခုဆိုရင် ၃ ပွဲဆက် အရှုံးမရှိတော့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ပြောရမှာပါ”ဟု မီခေးလ်က ဖွင့်ဟခဲ့သည်။

comments

error: Content is protected !!