ဘက်တစ်နှင့်ပွဲတွင် ဘာစီလိုနာအတွက် မက်ဆီ ပွဲ ၅၀၀ ပြည့်မည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဘာစီလိုနာအတွက် ပွဲ ၅၀၀ ပြည့်မည့် မက်ဆီ

ယနေ့ညတွင် ဘက်တစ်နှင့်ကစားရမည့် အိမ်ကွင်းပွဲစဉ်တွင် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီမှာ အသင်းအတွက် ပွဲ ၅၀၀ ပြည့်မြောက်မည်ဖြစ်ကြောင်း သိရှိရသည်။

အသက် ၂၈ နှစ်အရွယ် မက်ဆီသည် ဒူဘိုင်းတွင် Globe Soccer Awards အခမ်းအနားတက်ရောက်ခဲ့ပြီးနောက် သီးသန့်ဂျက်လေယာဉ်ဖြင့် စပိန်သို့ပြန်လာခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကမ္ဘာ့ကလပ်ချန်ပီယံဖလားရယူပြီးနောက် အနားယူနေသည့် ကစားသမားများနှင့်ပတ်သက်ပြီး ဘာစီလိုနာနည်းပြအန်းနရစ်က”ဒီမနက် သူတို့လေ့ကျင့်တာကိုကြည့်ပြီး ကျွန်တော့်အတွက်တော့ အကောင်းမြင်စရာတွေချည်းပါပဲ။ အရေးကြီးတာက ၃ မှတ်အရယူပြီး အမှတ်ပေးဇယားကို ဆက်ဦးဆောင်နိုင်ဖို့ပါ”ဟု အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဘာစီလိုနာသည် ကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲမတိုင်မီ ဗလင်စီယာနှင့် ဒီပို့တီဗိုတို့ကို သရေကျခဲ့ပြီး လက်ရှိအချိန်တွင် အမှတ်ပေးဇယားတွင် အက်သလက်တီကိုနှင့်အမှတ်တူ၊ ၁ ပွဲလျော့၊ ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်နေပြီး ဇန်န၀ါရီလအတွင်း အက်စ်ပန်ညိုနှင့် ဒါဘီပွဲစဉ်၊ အက်သလက်တီကိုနှင့် ပွဲကျပ်များအပါအ၀င် ၇ ပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!