မန်စီးတီးနောက်ခံလူ ကွန်ပနီ ၄ ပတ်အထိ အနားယူရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆန်းဒါးလန်းနှင့်ပွဲတွင် ဒဏ်ရာထပ်မံရသွားသည့် ကွန်ပနီ

မန်စီးတီးအသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီသည် ခြေသလုံးဒဏ်ရာကြောင့် ၃ ပတ်မှ ၄ ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီက ထုတ်ဖော်ပြောကြားလိုက်သည်။

အသက် ၂၈ နှစ်အရွယ် ကွန်ပနီမှာ ယခုရာသီတွင် ဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရပြီး ဘောက်ဆင်ဒေးတွင် ဆန်းဒါးလန်းနှင့်ကစားသည့်ပွဲ၌ လူစားဝင်ခဲ့သော်လည်း ပြန်လည်ဒဏ်ရာရခဲ့သည်။

မန်စီးတီးမှာ ယနေ့နံနက်အစောပိုင်းက ကစားခဲ့သည့် လက်စတာနှင့်ပွဲတွင် ဂိုးမရှိသရေကျခဲ့သဖြင့် ကွန်ပနီမပါဝင်သည့် ယခုရာသီပွဲများတွင် ပထမဆုံးပေးဂိုးမရှိသည့်ပွဲဖြစ်လာခဲ့သည်။

“အရင်ဒဏ်ရာရခဲ့တဲ့ခြေသလုံးပါပဲ။ နေရာပဲ ကွဲသွားတာပါ။ သူပြန်ကစားနိုင်ဖို့က အနည်းဆုံး ၃ ပတ်ကနေ ၄ ပတ်အထိဖြစ်နိုင်တဲ့အတွက် အရမ်းခက်ခဲပါလိမ့်မယ်”ဟု ပယ်လီဂရီနီက ဆိုသည်။

ဘယ်လ်ဂျီယံလက်ရွေးစင် ကွန်ပနီသည် ယခုရာသီပရီးမီးယားလိဂ် ၁၉ ပွဲတွင် ၁၁ ပွဲလွဲချောထားပြီး အောက်တိုဘာလက ပြန်ကစားနိုင်ခဲ့သော်လည်း ပြန်လည်အနားယူခဲ့ရကာ ဆန်းဒါးလန်းနှင့်ပွဲတွင်ရရှိခဲ့သောဒဏ်ရာကြောင့် ယခုကဲ့သို့ ထပ်မံအနားယူရပြန်ခြင်းဖြစ်သည်။

မန်စီးတီး၏ ကွန်ပါနီပါဝင်သည့်ပွဲများနှင့် မပါဝင်သည့်ပွဲ အချက်အလက်များ
ပရီးမီးယားလိဂ်        ပါဝင်သည့်ပွဲ        မပါဝင်သည့်ပွဲ
စုစုပေါင်း            ၈            ၁၁
ဂိုးမပေးရသည့်ပွဲ            ၇            ၁
ပေးဂိုး                ၁            ၁၉
ပျမ်းမျှဂိုးပေါက်ကန်သွင်းခံရမှု    ၇.၅            ၉.၈
နိုင်ပွဲရာခိုင်နှုန်း            ၇၅%            ၄၅%
တစ်ပွဲပျမ်းမျှရမှတ်        ၂.၅            ၁.၄၅

comments

error: Content is protected !!