အသင်းခြေစွမ်းတည်ငြိမ်မှုရှိရန် ကလော့ပ်တောင်းဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လေ့ကျင့်ရေးကွင်းတွင်တွေ့ရသည့် ယာဂင်ကလော့ပ်

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ၎င်း၏အသင်းသားများကို ခြေစွမ်းပိုမိုတည်ငြိမ်မှုရှိစေရန် ဆန်းဒါးလန်းနှင့်ပွဲမတိုင်မီ တောင်းဆိုလိုက်သည်။

လီဗာပူးမှာ ယခုရာသီတွင်ခြေစွမ်းပြနေသည့် လက်စတာကို အနိုင်မရမီ နယူးကာဆယ်၊ ၀က်ဖို့ဒ်တို့ကို အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့ပြီး ၃ ပွဲတွင် ၁ မှတ်သာ ရရှိခဲ့သည်။

“ကစားသမားတစ်ဦးချင်းအရည်အသွေးအပေါ် သံသယရှိစရာမလိုသလို သူတို့စိတ်ဓာတ်ပိုင်းကိုလည်း မေးခွန်းထုတ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့အတွက် လိုအပ်နေတာက တည်ငြိမ်တဲ့ခြေစွမ်းဖန်တီးနိုင်ဖို့ပါပဲ။ အဲဒီလိုဖြစ်အောင်လုပ်ဖို့ ကြိုးစားရပါမယ်။ အခုထပ်တွေ့မှာက ဆန်းဒါးလန်းပါ။ လက်စတာနဲ့ပွဲတုန်းကလိုပဲ အခုပွဲမှာလည်း ပွဲစခရာမှုတ်တာနဲ့ စိတ်ဓာတ်အပြည့်ထည့်ပြီး အာရုံစိုက်ကစားရမယ်။ လက်စတာနဲ့ပွဲတုန်းက ပွဲစခြေစွမ်းကောင်းခဲ့တယ်။ အဲဒါကို ကျွန်တော်ဝမ်းသာတယ်။ အဲဒီလိုပုံစံနဲ့ ပြန်ကစားရမယ်။ အရေးကြီးတာက အဲဒီလိုကစားနိုင်ပြီဆိုရင် ရလဒ်ကောင်းတွေ ဆက်တိုက်ရလာလိမ့်မယ်။ ဒါပေမဲ့ အလကားတော့ မရနိုင်ဘူး။ ကြိုးစားမှဖြစ်မယ်”ဟု ကလော့ပ်က ပြောကြားခဲ့သည်။

comments

error: Content is protected !!