မြန်မာဘောလုံးလောကတွင် လာရောက်လုပ်ကိုင်လိုဟု ဘရာဇီးလူမျိုးနည်းပြ Jairo Swirsky ထုတ်ဖော်ပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
12360278_993549440686448_1061195687197135644_n
ဘရာဇီးပရိုလိုင်စင်နည်းပြသင်တန်းတစ်ခုတွင်Jairo Swirsky အားတွေ့ရစဉ်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့်စာချုပ်ချုပ်ရန်အဆင်မပြေဖြစ်ခဲ့သည့်ဘရာဇီးလူမျိုးနည်းပြ Jairo Swirsky က မြန်မာ့ဘောလုံးလောကတွင်
လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားနေကြောင်းသိရသည်။

2015မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကာလအတွင်းရန်ကုန်ယူနိုက်တက်နှင့် ဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဘရာဇီးလူမျိုးနည်းပြ Jairo Swirsky သည် ဖီဖာအသိအမှတ်ပြုနည်းပြလိုင်စင်-A ရရှိထားသူဖြစ်ပြီး
ထိုအချိန်ကာလက မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စဉ်အချို့ကိုလေ့လာခဲ့ကာ မြန်မာဘောလုံးသမားများမှာ အရည်အချင်းရှိသူများဖြစ်ကြောင်းမှတ်ချက်ပေးခဲ့သည်။
လက်ရှိအချိန်တွင် ကလပ်လက်မဲ့ဖြစ်နေသည့် Jairo Swirsky က”မြန်မာဘောလုံးလောကက တိုးတက်နေပါတယ်။ ကလပ်တွေကလည်း လေ့ကျင့်ရေးကွင်းတွေကအစတိုးတက်လာမယ့်အခြေအနေရှိနေပါတယ်။ဒါကြောင့် ကျွန်တော်အနေနဲ့ ဒီလိုတိုးတက်နေတဲ့လိဂ်ပြိုင်ပွဲမှာ ကလပ်အသင်းတစ်သင်းသင်းကို ကိုင်တွယ်လိုပါတယ်”ဟုပြောခဲ့သည်။

ဘရာဇီးလူမျိုးနည်းပြJairo Swirsky သည် မော်လ်တာအဆင့်မြင့်တန်းကလပ်Naxxar Lions FC တွင် ၂၀၁၁ခုနှစ်မှ၂၀၁၅ခုနှစ်အထိကိုယ်တွင်ခဲ့ပြီး
ဘရာဇီးကလပ်နှင့် အစ္စရေးကလပ်အများအပြားတွင် နည်းပြခဲ့ကြောင်းသိရသည်။

comments

error: Content is protected !!