မိမိကို မလိုလားသည့်လှုပ်ရှားမှုရှိနေဟု ဘင်နီတက်ဇ်စွပ်စွဲ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသည့် ဘင်နီတက်ဇ်

ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်က ၎င်းနှင့် ရီးရဲလ်အား မလိုလားသည့် လှုပ်ရှားမှုတစ်ခုရှိနေသည်ဟုယုံကြည်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။

စပိန်မီဒီယာများက ကောက်ယူခံသည့် ဆန္ဒမဲတွင် ရီးရဲလ်ပရိသတ်များက နည်းပြဖြစ်သူဘင်နီတက်ဇ်ကို အခြားတစ်ဦးနှင့်အစားထိုးလိုသည့်ရာခိုင်နှုန်း ပိုမိုများပြားနေကြောင်းတွေ့ရှိသည်။

ရီးရဲလ်မှာ လာလီဂါအမှတ်ပေးဇယား အဆင့် ၃ နေရာတွင်ရောက်ရှိနေပြီး တစ်ပွဲလျော့ဘာစီလိုနာနှင့် ၂ မှတ်ကွာဟနေသည်။

“ဝေဖန်လို့ရတယ်ဆိုတာက ဝေဖန်မှုအတွက်ကိုပဲ ရည်ရွယ်တာပါ။ ကြိုးကိုင်ခြယ်လှယ်ဖို့မဟုတ်ပါဘူး။ ဖလော်ရင်တီနိုပီရက်ဇ်၊ ရီးရဲလ်နဲ့ နည်းပြဖြစ်သူကို မလိုလားတဲ့လှုပ်ရှားမှုတစ်ခုရှိနေတာ သေချာပါတယ်။ စစ်တမ်းတွေဆက်တိုက်ကောက်တယ်။ မီဒီယာတွေက စိတ်ဝင်စားမှုကိုအကြောင်းပြပြီး သူတို့အကျိုးအမြတ်အတွက် အခြေအနေတွေကို ကြိုးကိုင်ခြယ်လှယ်နေပါတယ်”ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

စပိန်နာမည်ကြီးသတင်းဌာနများဖြစ်သော အေအက်စ်နှင့် မာကာတို့သည် ရီးရဲလ်အရန်အသင်းနည်းပြ ဇီဒန်းကို ရီးရဲလ်အသင်းကြီးနည်ပြအဖြစ်မြင်တွေ့ရန် ဆန္ဒရှိ၊ မရှိ စစ်တမ်းကောက်ယူခဲ့သည်။

comments

error: Content is protected !!