တွစ်တာမှတ်ချက်ကြောင့် ကစားသမားသစ် ဆာဂျီဂွါဒီယိုလာကို ဘာစီလိုနာထုတ်ပယ်
|
ကစားသမားတိုင်း၏အိပ်မက်မှာ ဘာစီလိုနာအသင်းတွင် ကစားခွင့်ရရန်ဖြစ်သော်လည်း ထိုကလပ်၏အရန်အသင်းအတွက် စာချုပ်ချုပ်ဆိုခဲ့ပြီး နာရီပိုင်းအကြာတွင် တိုက်စစ်မှူးဆာဂျီဂွါဒီယိုလာမှာ လွန်ခဲ့သည့် ၂ နှစ်က တွစ်တာတွင် ဘာစီလိုနာနှင့် ကာတာလန်အသင်းအား တိုက်ခိုက်သည့်စာသားများတင်ခဲ့ဖူးသည်ဟု အာဏာပိုင်များသိရှိပြီးနောက် အသင်းမှထုတ်ပယ်ခံခဲ့ရသည်။
အသက် ၂၄ နှစ်အရွယ် ဂွါဒီယိုလာမှာ တနင်္လာနေ့တွင် ဘာစီလိုနာ(ခ)အသင်းသို့ ရောက်ရှိလာခဲ့သော်လည်း မာကာ၏ဖော်ပြချက်အရ ထိုကစားသမားမှာ ရီးရဲလ်မက်ဒရစ်လိုလားသည့်စာသားများ တွစ်တာတွင်ရေးတင်ခဲ့သည့်အပြင် ကာတာလန်ဒေသနှင့်ပတ်သက်ပြီး ဝေဖန်မှုများပြုလုပ်ခဲ့သည့်အတွက် စာချုပ်ချုပ်ဆိုပြီး နာရီအနည်းငယ်အကြာတွင် စာချုပ်ဖျက်သိမ်းခံခဲ့ရကြောင်း သိရှိရသည်။
ဂွါဒီယိုလာမှာ ယခုဘောလုံးရာသီကို မက်ဒရစ်အခြေစိုက်ကလပ် ဒုတိယတန်းအသင်း အယ်လ်ကော်ကွန်တွင် ကစားခဲ့သူဖြစ်သည်။
Next : မသိရင် ရိုင်ယန်ဂစ်က နည်းပြတာဝန်ယူထားသလိုပဲ (မန်ယူ-ချဲလ်ဆီးပွဲစဉ်ကို ဂျင်မီကာရေဂါ သုံးသပ်သည်)