တန်းမဆင်းရ​ရေး အဓိကရည်​မှန်းသည်​ဟု ​Horizon နည်းပြ​ဖွင့်ဟ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရန်ကုန်ယူနိုက်တက်နှင့်ခြေစမ်းပွဲတွင် ပါဝင်ကစားခဲ့သည့် Horizon မှ ပြည်ပကစားသမား

အောင်သော်ဖြိုး။
ဒီဇင်​ဘာ ၂၉။

၂၀၁၆ ​နေရှင်​နယ်​လိဂ်​ ဘောလုံးရာသီတွင်​ ပထမအကြိမ်​တန်းတက်​လာသည့်​ Horizin အသင်းကို MNL-1 သို့ တန်းပြန်​မဆင်းရ​ရေးအတွက်​ အဓိကရည်​မှန်းထားသည်​ဟု တူရကီလူမျိုးနည်းပြချုပ်​ မစ္စတာပါလာက ဆိုသည်​။

Horizon အသင်းသည်​ လက်​​ရွေးစင်​​ဟောင်း စိုး​ကျော်​​​ကျော်​နှင့်​ ပြည်ပကစားသမား ၃ ဦး ​ခေါ်ယူထားပြီး အသင်းအတွက်​လိုအပ်​သည့်​​နေရာများကိုလည်း ထပ်​မံဖြည့်​တင်းမည်​ဟု ၎င်းက​ ပြောကြားသည်​။

Horizon အသင်းသည်​ ပထမဆုံး​ခြေစမ်းပွဲအဖြစ်​ ရန်​ကုန်​ယူနိုက်​တက်​နှင့်​ခြေစမ်းခဲ့ပြီး ၄-၁ ဖြင့်​ ရှုံးနိမ့်ခဲ့ကာ အဆိုပါပွဲစဉ်​တွင်​ ပြည်ပကစားသမားများ ထည့်​သွင်းအသုံးပြုခဲ့သည်​။

Horizon သည်​ ရန်​ကုန်​ကိုယ်​စားပြု အသင်းတစ်​သင်းဖြစ်​ပြီး မြန်​မာ​နေရှင်​နယ်​လိဂ်​တွင် နိုင်ငံခြားသားပိုင်ဆိုင်သည့် တစ်သင်းတည်းသောအသင်းဖြစ်သည်။

comments

error: Content is protected !!