ဟယ်ရီကိန်းကိုမည်သည့်ဈေးနှင့်မျှ ရောင်းချမည်မဟုတ်ကြောင်း ပိုချက်တီနို အတည်ပြု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LONDON, ENGLAND - DECEMBER 26:  Harry Kane (L) of Tottenham Hotspur celebrates scoring his team's second goal with Erik Lamela during the Barclays Premier League match between Tottenham Hotspur and Norwich City at White Hart Lane on December 26, 2015 in London, England.  (Photo by Matthew Lewis/Getty Images)
နောဝစ်ခ်ျနှင့်ပွဲတွင် ဂိုးသွင်းပြီးနောက် ဟယ်ရီကိန်းနှင့် လာမယ်လာတို့အောင်ပွဲခံနေစဉ်။

စပါးနည်းပြ မော်ရီစီယို ပိုချက်တီနိုက အသက်၂၂ နှစ်အရွယ်တိုက်စစ်မှူး ဟယ်ရီကိန်းကို မည်သည့်ဈေးနှင့်မျှ ရောင်းချမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
ဟယ်ရီကိန်းသည် နောဝစ်ခ်ျနှင့်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုရာသီတွင် ၎င်း၏ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးရှိသွားပြီဖြစ်သည်။

ထို့အပြင် ၂၀၁၅ ခုနှစ်အတွင်းစုစုပေါင်း ပရီးမီးယားလိဂ် သွင်းဂိုး ၂၇ ဂိုးအထိရရှိခဲ့ရာ စပါးအသင်းတွင် တက်ဒီရှရင်ဂမ်၏ တစ်နှစ်အတွင်းဂိုးအများဆုံးသွင်းနိုင်သည့် စံချိန်ကိုချိုးဖျက်ထားသူလည်းဖြစ်သည်။

ဟယ်ရီကိန်းနှင့်ပတ်သက်၍ “သူ့တန်ဖိုးကို မမေးပါနဲ့။ သူကတန်ဖိုးဖြတ်လို့မရဘူး။ သူ့ကို ဘယ်သူမှမ၀ယ်နိုင်ဘူး။ ဘယ်သူတွေ ဘယ်ဈေးပေးပေး ကျွန်တော်တို့ သူ့ကိုရောင်းမှာမဟုတ်ဘူး” ဟု ပိုချက်တီနိုက ပြတ်ပြတ်သားသား ပြောကြားခဲ့ခြင်းဖြစ်သည်။

စပါးအသင်းမှာ ပြီးခဲ့သည့် Boxing Day ပွဲစဉ်တွင် နောဝစ်ခ်ျကို ဂိုးပြတ်အနိုင်ရခဲ့ပြီး အဓိကပြိုင်ဘက်များဖြစ်သည့် မန်ယူနှင့်ပဲလေ့စ်တို့မှာ ရမှတ်များ အသီးသီးဆုံးရှုံးခဲ့ကြသဖြင့် အမှတ်ပေးဇယား အဆင့် ၄ နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

ထို့အပြင် စပါးအသင်းသည် အမှတ်ပေးဇယား ပဉ္စမနေရာမှ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂ မှတ်ဖြတ်ထားနိုင်ခဲ့ပြီး ဆဌမနေရာမှ မန်ယူအသင်းကို ၃ မှတ်အထိဖြတ်ထားနိုင်ခဲ့ပြီဖြစ်သည်။

စပါးအသင်းသည် ယနေ့ညတွင် ၀က်ဖို့ဒ်အသင်း၏ ကွင်းသို့သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကွယ်းလယ်ကစားသမား ဒမ်ဘီလီမှာ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖွယ်မရှိကြောင်းသိရသည်။

comments

error: Content is protected !!