အဲလ်ဆာဗေးဒိုးလက်ရွေးစင်ကစားသမားဟောင်း အဲဖရက်ဒို ပါချီကို သေနတ်ဒဏ်ရာကြောင့် သေဆုံး

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebalservado
၂၀၀၉ ခုနှစ်က အမေရိကန်ကလပ် နယူးယော့ခ်ရက်ဒ်ဘူးလ်အသင်းတွင် အငှားလာရောက်ကစားစဉ်က ပါချီကိုအားတွေ့ရစဉ်။

အသက် ၃၃ နှစ်အရွယ် အဲလ်ဆာဗေးဒိုးလက်ရွေးစင်ကစားသမားဟောင်း အဲဖရက်ဒို ပါချီကိုသည် မြို့တော် ဆန်ဆာဗေးဒိုး၏ အနောက်ဘက် ၇၆ ကီလိုမီတာအကွာရှိ ဆန်တာအန်နာမြို့တွင်းဆီဆိုင်တစ်ဆိုင်တွင် သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံခဲ့ရပြီး ယင်းဒဏ်ရာများကြောင့် သေဆုံးခဲ့ကြောင်းရဲတပ်ဖွဲ့ကအတည်ပြုလိုက်သည်။

အဲလ်ဆာဗေးဒိုးရဲတပ်ဖွဲ့၏ပြောကြားချက်အရ အဆိုပါတိုက်ခိုက်မှုတွင် အခြားလူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

အဲလ်ဆာဗေးဒိုးအတွက် ပွဲအများဆုံးကစားပေးထားသည့် အဆိုပါနောက်ခံလူမှာ လုပ်ပွဲကစားမှုကြောင့် ၂၀၁၃ ခုနှစ်မှစ၍ တစ်သက်တာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသူလည်းဖြစ်သည်။

လက်ရွေးစင်အသင်းအတွက် ၈၆ ပွဲပါဝင်ကစားပေးထားခဲ့သည့် ပါချီကိုပါအ၀င်အခြားကစားသမား ၁၃ ဦးမှာ ပွဲစဉ်အများအပြားကို လုပ်ပွဲကစားခဲ့သဖြင့် ရာသက်ပန်ပွဲပယ်ခံခဲ့ရသူများဖြစ်သည်။

ဗဟိုအမေရိကရှိ နိုင်ငံငယ်လေး အဲလ်ဆာဗေးဒိုးတွင် နှစ်အနည်းငယ်အတွင်း လူသတ်မှုမြင့်တက်လာမှုကြောင့် ကမ္ဘာပေါ်ရှိ လူသတ်မှုအမြင့်မားဆုံးနိုင်ငံများစာရင်းတွင် ပါဝင်လာခဲ့သည်။

ယခုလအစောပိုင်းကလည်း ဇာတိမြို့သို့ အားလပ်ရက်ခရီးစဉ်အဖြစ်ရောက်ရှိနေသော သက် ၂၆ နှစ်အရွယ် ဟွန်ဒူးရပ်စ်လက်ရွေးစင်ကစားသမား အာနိုးပီရယ်တာမှာ သေနတ်ဒဏ်ရာကြောင့်သေဆုံးခဲ့ကြောင်းသိရသည်။

comments

error: Content is protected !!