ဘေဆယ်ကွင်းလယ်ကစားသမား အယ်လ်နီနီကို အာဆင်နယ်အသင်းခေါ်ယူနိုင်ရန် နီးစပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
495888518
အာဆင်နယ်အသင်းသို့ပြောင်းရွှေ့ရန် နီးစပ်နေသည့် အယ်လ်နီနီအားတွေ့ရစဉ်။

ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်း၏ အသက် ၂၃ နှစ်အရွယ် အီဂျစ်လက်ရွေးစင် မိုဟာမက် အယ်လ်နီနီသည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့တွင် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခွင့်ရရန် မျှော်လင့်နေကြောင်းသိရသည်။

အာဆယ်နယ်အသင်းမှလည်း အဆိုပါ ဘေဆယ်ကွင်းလယ်လူကို လာမည့်အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်တွင် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည်။လက်ရှိတွင် ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းဖြင့်အပြောင်းအရွှေ့ဖြစ်မြောက်ရန် ဘေဆယ်နှင့်အာဆင်နယ်တို့ကြား စေ့စပ်ညှိနှိုင်းမှုများပြုလုပ်နေသော်လည်း
အာဆင်နယ်အနေဖြင့် ၇ သန်းခန့်အထိ တိုးမြှင့်ပေးချေရနိုင်ကြောင်းလည်းသိရသည်။

အသင်းနှစ်သင်းကြား ဆွေးနွေးမှုများမှာ အပြုသဘောဆောင်နေပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးညှိနှိုင်းမှုအချို့ပြုလုပ်ပြီးသည်နှင့် အပြီးသတ်ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း အင်္ဂလန်သတင်းစာ Telegraph ကဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် ဒဏ်ရာရနေသည့် ကိုကွီလင်၊ ကာဇိုလာ၊ ၀ီလ်ရှီးယားနှင့် အာတီတာတို့၏ နေရာတွင် အစားထိုးရန် အဆိုပါ စွယ်စုံရကစားသမား ကို ကာလရှည်စာချုပ်ဖြင့်ခေါ်ယူရန်စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။ အယ်လ်နီနီသည် ယခုရာသီတွင် ဘေဆယ်အတွက် ၂၈ ပွဲကစားပြီး ၆ ဂိုးသွင်းယူပေးထားကာ ဘေဆယ်အသင်း ဆွစ်ဇာလန်လိဂ်အမှတ်ပေးဇယားကိုဦးဆောင်နိုင်ရန်အဓိကစွမ်းဆောင်ပေးခဲ့သူလည်းဖြစ်သည်။

အာဆင်နယ်အသင်းသို့ပြောင်းရွှေ့ခဲ့ပါက ချန်ပီယံလိဂ် ကစားခွင့်ရမည့်အချက်ကလည်း အယ်လ်နီနီကို အာဆင်နယ်သို့ပြောင်းရွှေ့ရန် တွန်းအားတစ်ရပ်ဖြစ်နေသည်။

comments

error: Content is protected !!