ပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူနှင့်ပွဲကို ချဲလ်ဆီးတိုက်စစ်မှူး ကော်စတာပါဝင်နိုင်တော့မည်မဟုတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LONDON, ENGLAND - DECEMBER 26:  John Terry of Chelsea congratulates Diego Costa of Chelsea after he scores to make it 2-2 during the Barclays Premier League match between Chelsea and Watford at Stamford Bridge on December 26, 2015 in London, England.  (Photo by Catherine Ivill - AMA/Getty Images)
ချဲလ်ဆီးအသင်းတိုက်စစ်မှူး ကော်စတာနှင့် တယ်ရီအား ၀က်ဖို့ဒ်နှင့်ပွဲတွင်တွေ့ရစဉ်။

ချဲလ်ဆီးနည်းပြ ဂုစ်ဟစ်ဒင့်က မန်ယူနှင့်ပွဲစဉ်အတွက် တိုက်စစ်မှူး ဒီယေဂိုကော်စတာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်တော့မည်မဟုတ်၍ တိုက်စစ်နေရာအတွက်
လိုရစ်ရီမီနှင့်ရာဖယ်လ်ကာအိုတို့ နှစ်ဦးထဲမှ ရွေးချယ် ပြီးတိုက်စစ်ပြဿနာကို ဖြေရှင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကော်စတာမှာ ၀က်ဖို့နောက်ခံလူ ကတ်ကာ့တ် ကို ရန်ပြုခဲ့သည့်အတွက် ဒိုင်လူကြီး အင်ဒရီမာရီနာ၏ အ၀ါကဒ်ပြသတိပေးမှုကိုခံခဲ့ရပြီး
ယင်းအ၀ါကဒ်မှာ ယခုပထမရာသီဝက်တွင် ကော်စတာ၏ ၅ ကြိမ်မြောက်အ၀ါကဒ်ဖြစ်၍ အလိုအလျောက်ပွဲပယ်ခံရခြင်းဖြစ်သည်။

ထို့အပြင်ချဲလ်ဆီးနည်းပြ ဂုစ်ဟစ်ဒင့်က တိုက်စစ်မှူးဒီယေဂိုကော်စတာ၏ စိတ်ထိခိုက်လွယ်မှုကို မိမိထိန်းချုပ်ပြုပြင်နိုင်ခြင်းမရှိခဲ့ကြောင်း ၀န်ခံပြောကြားခဲ့သည်။
ကော်စတာမှာ ထူးချွန်သည့်ကစားသမားဖြစ်သော်လည်း ဒေါသဖြစ်လွယ်သည့် သူ၏စိတ်ကိုမူ သူကိုယ်တိုင်သာ ထိန်းချုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နည်းပြဟစ်ဒင့်က မိမိအနေဖြင့် ကော်စတာ၏ ပွဲထွက်ခွင့်ကို အာမခံချက်ပေးနိုင်မည်မဟုတ်ကြောင်းနှင့် သူ၏ ပြုမူနေထိုင်ပုံများအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်ကြောင်းဆိုခဲ့သည်။ ကော်စတာသည် ၀က်ဖို့ဒ်နှင့်ပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ရာ ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးရရှိခဲ့ပြီဖြစ်သည်။

ထို့အပြင် မော်ရင်ဟို ထုတ်ပယ်ခံရမှုမှာ ကော်စတာ၏ ပရောဂမကင်းကြောင်း ချဲလ်ဆီးအသင်းပရိသတ်များက ယူဆခဲ့ကြပြီး ဆန်းဒါးလန်းနှင့် အိမ်ကွင်းပွဲစဉ်တွင်
ကော်စတာကို အော်ဟစ်လှောင်ပြောင်ခဲ့မှုအပေါ် ကစားသမား၏ တုန့်ပြန်မှုနှင့်ပတ်သက်၍ နည်းပြဟစ်ဒင့်က ချီးကျူးခဲ့သည်။
ဟစ်ဒင့်က “မော်ရင်ဟိုထုတ်ပယ်ခံရမှုမှာ ကော်စတာမှန်လားမှားလား ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူလူစားလဲခံရတော့ လှောင်ပြောင်ခဲ့တဲ့ ပရိတ်သတ်တွေအပေါ်သူ့ရဲ့တုန့်ပြန်မှုက ပရော်ဖက်ရှက်နယ်ဆန်ခဲ့ပါတယ်” ဟုသုံးသပ်ခဲ့သည်။

comments

error: Content is protected !!