မန်စီးတီးအသင်းအမှတ်တံဆိပ်သစ် လူမှုကွန်ရက်များတွင် ပျံ့နှံ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
usewebmanc
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် မန်စီးတီးအသင်းအမှတ်တံဆိပ်အသစ်အားတွေ့ရစဉ်။

လာမည့် Boxing Day ပွဲစဉ်များတွင် ၀တ်ဆင်ကစားမည့်ဂျာစီ၌ အမှတ်တံဆိပ်သစ်ထုတ်ဖော်ပြသရန်စီစဉ်ထားသည့်အချိန်မတိုင်မီ မန်စီးတီးအသင်းအမှတ်တံဆိပ်သစ်မှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့ကြောင်းဘီဘီစီ၏သတင်းတစ်ရပ်အရသိရသည်။

အသုံးပြုမည့်အမှတ်တံဆိပ်သစ်သည် ၁၉၉၇ ခုနှစ်အထိ သုံးစွဲခဲ့သည့် အသင်းအမှတ်တံဆိပ်ဟောင်းကိုအနည်းငယ်ဆန်းသစ်ထားခြင်းဖြစ်ပြီး အမှတ်တံဆိပ်မှာ စက်ဝိုင်းပုံအတွင်း လန်ကက်ရှိုင်းယားနှင်းဆီနီ၊ ရိုးရာရွက်လှေပုံနှင့် အသင်းအမည်တို့ပါဝင်ကာ ပရိသတ်များစွာကလည်း အသင်းအမှတ်တံဆိပ်ဟောင်းကို ပြန်လည်အသုံးပြုရန် အလိုရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန်စီးတီးအသင်းအမှတ်တံဆိပ်သစ်ပုံကို တီထွင်ဖန်တီးမှုဆိုင်ရာ မူပိုင်ခွင့်ရုံး၏ ၀က်ဘ်ဆိုက်မှ ဖော်ပြခဲ့ခြင်းဖြစ်ပြီးယခုလ ၂၂ ရက်နေ့က စတင်အသုံးပြုခွင့်ရရှိသည်ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

logo of Manchester City during the UEFA Champions League group E match between Bayern Munich and  Manchester City on September 17, 2014 at the Allianz Arena in Munich, Germany.(Photo by VI Images via Getty Images)

comments

error: Content is protected !!