Boxing Day ကာလပရီးမီးယားလိဂ်ပွဲကျပ်များက အင်္ဂလန်လက်ရွေးစင်အသင်းကို ထိခိုက်စေနိုင်ဟု ကလော့ပ် သုံးသပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LIVERPOOL, ENGLAND - DECEMBER 24:  (THE SUN OUT, THE SUN ON SUNDAY OUT) Jurgen Klopp manager of Liverpool during a training session at Melwood Training Ground on December 24, 2015 in Liverpool, England.  (Photo by John Powell/Liverpool FC via Getty Images)
လေ့ကျင့်ရေးကွင်းတွင် ကစားသမားများအားညွှန်ကြားမှုပြုနေသည့် ကလော့ပ်အားတွေ့ရစဉ်။

ဥရောပထိပ်န်းလိဂ်ပြိုင်ပွဲများရပ်နားထားချိန်တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ Boxing Day ကာလပွဲကျပ်များဆက်တိုက် ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အဓိက နိုင်ငံတကာပြိုင်ပွဲကြီးများတွင် အင်္ဂလန်အသင်း၏ အခွင့်အရေးများကို ထိခိုက်စေနိုင်သည်ဟု လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က သုံးသပ်လိုက်သည်။

ကလော့ပ်က လက်ရှိအင်္ဂလန်လက်ရွေးစင်အသင်းမှာ အမှန်တကယ် စွမ်းရည်ပြည့်ဝသော အသင်းဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သော်လည်း အင်္ဂလန်ရှိလိဂ်ပြိုင်ပွဲများတွင် ဆောင်းရာသီ အားလပ်ရက်မရရှိခြင်းက ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အင်္ဂလန်အသင်း အောင်မြင်မှုရရှိရန် အဟန့်အတားဖြစ်စေလိမ့်ဖြစ်ကြောင်း သူ၏အမြင်ကိုထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပွဲဆက်တွေအရမ်းများနေတယ်။ ဒါက အသေချာပါ။ နားရက်မရှိဘူး။ ကစားရမယ့်ပြိုင်ပွဲတွေကလည်း အများကြီးပဲ။ ဒါဟာ အသင်းအောင်မြင်မှုရရှိမယ့် နည်းလမ်းမဟုတ်ဘူးလို့ထင်ပါတယ်” ဟု Football Focus သို့ ကလော့ပ်ကပြောကြားခဲ့သည်။

“အင်္ဂလန်ကစားသမားတွေဟာ တကယ့်ကိုထူးချွန်ထက်မြက်တဲ့ကစားသမားတွေပါ။ ရွိုင်းဟော့ဒ်ဆန်က ဆုဖလားရဖို့ အသင်းကို ဦးဆောင်နိုင်လိမ့်မယ်လို့လည်း လူတိုင်းက ယူဆနေကြပါတယ်။ ဒါပေမယ့် အခြားအသင်းတွေ နားနေချိန်မှာ အင်္ဂလန်လိဂ်တွေမှာဝင်ကစားနေတဲ့ ကစားသမားတွေ နားရက်မရဘူး။ဒီလိုပြောလို့ အင်္ဂလန်အသင်း မအောင်မြင်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် အရမ်းခက်ခဲပါလိမ့်မယ်” ဟု ၎င်းကထပ်မံဖြည့်စွက်ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် 1996ယူရိုပြိုင်ပွဲနောက်ပိုင်း ကစားခဲ့ပြီးသည့် ယူရိုပြိုင်ပွဲနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ၈ ခုတွင် ဆီမီးဖိုင်နယ်သို့ တစ်ကြိမ်မှတက်ရောက်နိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်။

ကလော့ပ်၏ လီဗာပူးအသင်းသည် ခရစ္စမတ်ပွဲကျပ်ကာလတွင် ၈ ရက်အတွင်း ၃ ပွဲကစားရမည်ဖြစ်ပြီး လာမည့် စနေနေ့တွင် အမှတ်ပေးဇယားကိုဦးဆောင်နေသည့် လက်စတာနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

comments

error: Content is protected !!