ဒရော့ဘာကို အပြည့်အ၀လက်လွှတ်ခံမည်မဟုတ်ဟု မွန်ထရီရယ် ထုတ်ပြန်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆန်းဒါးလန်းနှင့်ပွဲစဉ်တွင် အေဘရာမိုဗစ်နှင့်အတူတွေ့ရသည့် ဒရော့ဘာ

အိုင်ဗရီကို့စ်လက်ရွေးစင်တိုက်စစ်မှူးဒရော့ဘာကို ချဲလ်ဆီးမှပြန်လည်ခေါ်ယူနိုင်မည်ဖြစ်သော်လည်း လာမည့်နှစ်မေဂျာလိဂ်ဘောလုံးရာသီစတင်ချိန်တွင် ပြန်လည်ကစားစေလိုသည်မှာ ၎င်းတို့၏ရည်ရွယ်ချက်ဖြစ်ကြောင်း အဆိုပါကစားသမား၏လက်ရှိအသင်းဖြစ်သည့် မွန်ထရီရယ်မှ ထုတ်ပြန်ခဲ့သည်။

မွန်ထရီရယ်အသင်းက ”သူနဲ့ချဲလ်ဆီးရဲ့ကြားက သံယောဇဉ်ကို ကျွန်တော်တို့ နားလည်ပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ရည်ရွယ်ချက်က လာမယ့်ဘောလုံးရာသီသစ်မှာ အသင်းကို သူပြန်လာဖို့ပါပဲ” ဟု ထုတ်ပြန်ခဲ့သည်။

အသက် ၃၇ နှစ်ရှိ ဒရော့ဘာသည် ပြီးခဲ့သည့် စနေနေ့က ယှဉ်ပြိုင်ခဲ့သော ဆန်းဒါးလန်းနှင့်ပွဲတွင် လာရောက်ကြည့်ရှုခဲ့ပြီး ချဲလ်ဆီးအသင်းပိုင်ရှင်အေဘရာမိုဗစ်နှင့် နည်းပြဂုဒ်ဟစ်ဒင့်တို့နှင့်တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။

ထိုဖြစ်ရပ်ပြီးဆုံးပြီးနောက် ချဲလ်ဆီးနည်းပြဟစ်ဒင့်က ဒရော့ဘာကို နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် ခေါ်ယူမည်ဆိုသောသတင်းများမှာ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုထားသည်။

comments

error: Content is protected !!