ဘရာဇီးကြယ်ပွင့် တိုင်စီရာကို ပေါင် သန်း ၃၀ ဖြင့်ခေါ်ယူရန် ချဲလ်ဆီးသဘောတူညီမှုရရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရခဲ့သည့် တိုင်စီရာ

ချဲလ်ဆီးသည် ရှက်တာဒိုးနက်မှ အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူ အဲလက်စ်တိုင်စီရာကို လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့တွင်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

တိုင်စီရာမှာ ဘရာဇီးလက်ရွေးစင်အသင်းကြီးတွင် တစ်ကြိမ်မှရွေးချယ်မခံရဖူးသော်လည်း အဆိုပါ ဥရောပထိပ်တန်းဂိုးဖန်တီးရှင်အတွက် ချဲလ်ဆီးက ပေါင်သန်း ၃၀ ၀န်းကျင် အသုံးပြုရဖွယ်ရှိနေသည်။

တိုင်စီရာသည် ယခုရာသီတွင် ရှက်တာဒိုးနက်အတွက် ၁၅ ပွဲ ပါဝင်ကစားပေးထားပြီး ၂၂ ဂိုးသွင်းယူပေးထားသူဖြစ်ကာ ယင်းပမာဏမှာ ချဲလ်ဆီးတစ်သင်းလုံး၏ ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၁ ဂိုးထက်ပင် တစ်ဂိုးပိုသာနေသေးသည်။

ချဲလ်ဆီးသည် တိုင်စီရာကိုခေါ်ယူရန် မော်ရင်ညိုလက်ထက်ကတည်းက ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး တိုင်စီရာကိုယ်တိုင်ကလည်း ချဲလ်ဆီးသို့ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေဆဲဖြစ်သည်။

ချဲလ်ဆီးကို တစ်ကျော့ပြန်ကိုင်တွယ်ရမည့် နည်းပြဂုစ်ဟစ်ဒင့်က ကစားသမားအပြောင်းအရွှေ့နှင့်ပတ်သက်၍ အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ၏ ၀င်ရောက်စွက်ဖက်မှုကို မလိုလားကြောင်း ပြောကြားထားသည်။

“သူက အသင်းပိုင်ရှင်ဖြစ်ပါ။ ဒါပေမဲ့ ကွင်းတွင်းကိစ္စတွေကိုတော့ ကျွန်တော်ကပဲ ဆုံးဖြတ်မှာပါ” ဟု ဟစ်ဒင့်က နယ်သာလန်သတင်းစာနှင့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။

comments

error: Content is protected !!