မန်စီးတီးကိုအနိုင်ရပြီးနောက် ယုံကြည်မှုမြင့်မားလာဟု အာစင်ဝင်းဂါး ဆို
|
မန်စီးတီးကို အနိုင်ရခဲ့သည့်အတွက် မိမိတို့အာဆင်နယ်အသင်းမှာ ပရီးမီယားလိဂ်ချန်ပီယံဆုအတွက် လိုအပ်သောယုံကြည်မှု ပိုမိုမြင့်မားလာသည်ဟု အာစင်ဝင်းဂါးက ပြောကြားလိုက်သည်။
၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်ခဲ့သည့် အာဆင်နယ်သည် ၀ဲလ်ကော့၊ ဂီရော့ဒ်တို့၏ သွင်းဂိုးများဖြင့် ဦးဆောင်ခဲ့ကာ ယာယာတိုရေးက မန်စီးတီးအတွက် ၁ ဂိုးသာ ပြန်လည်ချေပနိုင်ခဲ့သဖြင့် အနိုင်ရခဲ့သည်။
အာစင်ဝင်းဂါးက ထိုနိုင်ပွဲနှင့်ပတ်သက်၍ “ဒီနိုင်ပွဲကြောင့် ယုံကြည်မှု၊ ခွန်အားတွေ ရလာပါတယ်။ ကျွန်တော်တို့အသင်း ဖိအားအောက်ရောက်တဲ့အချိန်မှာ အရင်ထက်ပိုပြီး တည်ငြိမ်လာတယ်ဆိုတာကို အခုပွဲမှာ မြင်နိုင်ပါတယ်”ဟု ဆိုသည်။
အာဆင်နယ်မှာ လက်ရှိအချိန်တွင် အမှတ်ပေးဇယား တတိယနေရာမှ မန်စီးတီးကို ၄ မှတ်ဖြတ်ထားသော်လည်း အဆင့် ၁ နေရာမှ လက်စတာနှင့် ၂ မှတ်ကွာဟနေသည်။
နောက်ဆုံး ၆ ပွဲတွင် ရှုံးပွဲမရှိအောင် ကိုင်တွယ်နိုင်ခဲ့သည့် အာစင်ဝင်းဂါးက”ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို ပြသနိုင်ခဲ့တယ်။ စုစုစည်းစည်းနဲ့ ပြောင်မြောက်အောင် ကစားနိုင်ခဲ့တာကြောင့် ၃ မှတ်ရခဲ့တာပါ။ ကျွန်တော်တို့အသင်းမှာ ရွှေခြေထောက်ပိုင်ရှင်တွေမရှိတာကိုတောင် စိတ်ဓာတ်ကိုအားပြုပြီး နောက်ဆုံးပန်းတိုင်အထိ အရောက်သွားနိုင်ပါတယ်”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
Next : ဂွါဒီယိုလာမှာ ၎င်း၏အသင်းသစ်ကို ရွေးချယ်ပြီးဖြစ်သည်ဟု ရူမင်နစ်ဂီဖွင့်ဟ