အင်တာမီလန်မှာ စီးရီးအေချန်ပီယံဖြစ်ရန် ရေပန်းစားနေဆဲဟု ဂျူဗင်တပ်ဒါရိုက်တာပြောကြား
|
အင်တာမီလန် ချန်ပီယံဖြစ်နိုင်ခြေကို လက်ခံထားသည့် မာရော့တာ
ဂျူဗင်တပ်ဒါရိုက်တာမာရော့တာက ၎င်းတို့အသင်းနှင့် ၃ မှတ်အကွာဖြင့်အမှတ်ပေးဇယားကိုဦးဆောင်နေသော အင်တာမီလန်မှာစီးရီးအေချန်ပီယံဖြစ်ရန် ရေပန်းစားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျူဗင်တပ်သည် ယခုတစ်ပတ်တွင်ယှဉ်ပြိုင်ခဲ့သော စီးရီးအေပွဲစဉ် ၁၇ ၌ ၃-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အင်တာမီလန်မှာလာဇီယိုကို ၂-၁ ဂိုးဖြင့်အရေးနိမ့်ခဲ့သောကြောင့် ၃ မှတ်အကွာအနေအထားသို့ ရောက်ရှိခဲ့သည်။
အင်တာမီလန်နှင့်ပတ်သက်၍ မာရော့တာက ”အင်တာမီလန်နည်းပြမန်စီနီဟာ ချန်ပီယံဆုယူနိုင်တဲ့သူပါ။ သူတို့ရှုံးပွဲကြုံလိုက်လို့ ချန်ပီယံဆုအတွက် ဖီအိုရင်တီးနား၊ နာပိုလီနဲ့ ဂျူဗင်တပ်တို့ကြားမှာ ပြိုင်ဆိုင်မှုပြင်းထန်လာပါတယ်။ ဒါပေမဲ့ အင်တာမီလန်ဟာ သမိုင်းကြောင်းကောင်းတဲ့အသင်းဖြစ်သလို ကစားသမားကောင်းတွေနဲ့ အတွေ့အကြုံရင့်နည်းပြလည်းရှိပါတယ်” ဟု ပြောကြားခဲ့သည်။
Prev : မန်ယူ၏ ယခုရာသီရလဒ်များကိုလက်ခံ၍ ဗန်ဟားလ်ကို ဆက်ခန့်သင့်ကြောင်း ဖီးလ်နဗီးလ် ပြောကြား
Next : ယူရို-၂၀၁၆ အပြီးတွင် နည်းပြရာထူးမှ အနားယူရန်စီစဉ်ထားသည်ဟု ဒဲလ်ဘော့စကေးပြောကြား
Next : ယူရို-၂၀၁၆ အပြီးတွင် နည်းပြရာထူးမှ အနားယူရန်စီစဉ်ထားသည်ဟု ဒဲလ်ဘော့စကေးပြောကြား