လက်စတာကွင်းလယ်လူ မာရက်ဇ် အသင်းပြောင်းမည်မဟုတ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယခုရာသီတွင် လက်စတာအတွက် ခြေစွမ်းပြနေသည့် မာရက်ဇ်

ယခုရာသီတွင် လက်စတာအသင်းအတွက် အထူးခြေစွမ်းပြနေသည့် ကွင်းလယ်ကစာသမား မာရက်ဇ်မှာ မည်သည့်အသင်းကိုမှ ပြောင်းရွှေ့မည်မဟုတ်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ဘန်ဂျိုဂမ်က အခိုင်အမာပြောကြားလိုက်သည်။

အယ်လ်ဂျီးရီးယားလက်ရွေးစင်ကစားသမား မာရက်ဇ်သည် ယခုရာသီတွင် လက်စတာအတွက် ၁၃ ဂိုးသွင်းယူထားပြီး လက်စတာကို အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နိုင်ရန် အဓိကစွမ်းဆောင်ပေးထားသူလည်းဖြစ်သည်။

အသက် ၂၄ နှစ်အရွယ် မာရက်ဇ်၏အေးဂျင့်ဖြစ်သူ ဘန်ဂျိုဂမ်က မာရက်ဇ်မှာ ရာသီကုန်အထိ လက်စတာတွင်သာဆက်ရှိမည်ဟု အပြည့်အ၀ယုံကြည်ကြောင်း၊ လက်ရှိအချိန်တွင် မာရက်ဇ်ကို မည်သည့်အသင်းကြီးကမှ ကမ်းလှမ်းထားမှုမရှိကြောင်းနှင့် ဇန်န၀ါရီတွင် အပြောင်းအရွှေ့ဖြစ်ဖွယ်မရှိဟုဆိုသည်။

“လက်စတာက မာရက်ဇ်ကို ရောင်းချင်မှာမဟုတ်ပါဘူး။ မာရက်ဇ်ဟာ လက်ရှိမှာအကောင်းဆုံးခြေစွမ်းပြနေပြီး အလားအလာကောင်းတွေလည်းရှိနေပါတယ်။ ဒါကြောင့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ သူဘယ်အသင်းကိုမှ ပြောင်းမှာမဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

မာရက်ဇ်သည် ပြီးခဲ့သည့် နွေရာသီက ပြင်သစ်လီဂူး ၂ ကလပ် လီဟာဗရီအသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၄ သိန်းဖြင့်ပြောင်းရွှေ့ခဲ့ပြီး လက်စတာနှင့် ၄ နှစ်စာချုပ်ချုပ်ခဲ့သည်။

ဆက်စပ်သတင်းများအရ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသော လက်စတာကွင်းလယ်လူ ဂိုဟမ်အင်လာမှာ အသင်းပြောင်းဖွယ်ရှိနေကြောင်းသိရှိရသည်။

comments

error: Content is protected !!