ဂွါဒီယိုလာမှာ ၎င်း၏အသင်းသစ်ကို ရွေးချယ်ပြီးဖြစ်သည်ဟု ရူမင်နစ်ဂီဖွင့်ဟ
|
ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာသည် ၎င်းပြောင်းရွှေ့မည့်အသင်းအား ရွေးချယ်ထားပြီးဖြစ်ကြောင့် ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ် ရူမင်နစ်ဂီက ပြောကြားလိုက်သည်။
ယခုရာသီအကုန်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာတော့မည်ဟု တနင်္ဂနွေနေ့က အတည်ပြုခဲ့သော ဂွါဒီယိုလာမှာ မန်စီးတီး၊ မန်ယူ၊ ချဲလ်ဆီးနှင့် အာဆင်နယ်တို့၏ ဆက်သွယ်မှုခံနေရပြီး ဂွါဒီယိုလာ၏အနာဂတ်နှင့်ပတ်သက်၍ ရူမင်နစ်ဂီက”သူဘယ်သွားမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲဒီကြေညာချက်ကို သူနဲ့ သူ့အသင်းသစ်က ထုတ်ပြန်မှာဖြစ်လို့ ကျွန်တော်မပြောတော့ပါဘူး။ လွန်ခဲ့တဲ့ ၂ ပတ်က ကျွန်တော်တို့ခရစ္စမတ်ပါတီမှာ ကျွန်တော့်ကို သူက စိန်ခေါ်မှုအသစ်ရှာတော့မယ်လို့ လာပြောခဲ့တယ်။ သူ့ပုံစံက အားနာနေသလိုပါပဲ။ ကျွန်တော်ကတော့ သူ့အပေါ် စိတ်မကွက်ပါဘူး”ဟု ဂျာမန်သတင်းစာ Bild အား ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်သည် ဂွါဒီယိုလာ၏နေရာတွင် အစားထိုးရန် အန်စလော့တီအား ၃ နှစ်စာချုပ် ချုပ်ဆိုပြီးဖြစ်သည်။
Next : မန်ယူ၏ ယခုရာသီရလဒ်များကိုလက်ခံ၍ ဗန်ဟားလ်ကို ဆက်ခန့်သင့်ကြောင်း ဖီးလ်နဗီးလ် ပြောကြား