ယူရို-၂၀၁၆ အပြီးတွင် နည်းပြရာထူးမှ အနားယူရန်စီစဉ်ထားသည်ဟု ဒဲလ်ဘော့စကေးပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ယူရို-၂၀၁၆ အပြီးတွင် အနားယူရန်ပြင်ဆင်ထားသည့် ဒဲလ်ဘော့စကေး

စပိန်နည်းပြဒဲလ်ဘော့စကေးက လာမည့်ယူရို-၂၀၁၆ ပြိုင်ပွဲပြီးဆုံးချိန်တွင် နည်းပြရာထူးမှ အနားယူရန်စီစဉ်ထားကြောင်း တရားဝင်ပြောကြားလိုက်သည်။

အနားယူမည့်ကိစ္စနှင့်ပတ်သက်၍ ဒဲလ်ဘော့စကေးက ”ကျွန်တော်အနားယူဖို့အချိန် နီးကပ်နေပါပြီ။ ယူရို-၂၀၁၆ ပြိုင်ပွဲအပြီးမှာ အနားယူဖို့ပြင်ဆင်ထားတယ်။ ကျွန်တော်က အဖွဲ့အစည်းနဲ့အလုပ်လုပ်နေတဲ့သူဆိုတော့ နောက်ဆုံးအဆုံးအဖြတ်မပေးခင် အပြီးသတ်ပြောကြားသွားမှာပါ” ဟု ဖွင့်ဟခဲ့သည်။

အသက် ၆၄ နှစ်ရှိအဆိုပါရီးရဲလ်နည်းပြဟောင်းသည် စပိန်အသင်းကို ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ယူရို-၂၀၁၂ ဖလားများ ဆွတ်ခူးပေးခဲ့သူဖြစ်သည်။

စပိန်အသင်းသည် လာမည့်နှစ်တွင် ပြင်သစ်၌ကျင်းပမည့် ယူရိုပြိုင်ပွဲ၏ချန်ပီယံဖြစ်ခဲ့ပါက ၄ ကြိမ်မြောက်ဆုဖလားဆွတ်ခူးနိုင်မည်ဖြစ်ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဆုဖလားအများဆုံးရသည့်အသင်းစံချိန်နှင့် ဆုဖလား ၃ ကြိမ်ဆက်ဆွတ်ခူးနိုင်သည့်အသင်းအဖြစ် စံချိန်တင်နိုင်မည်ဖြစ်သည်။

စပိန်အသင်းမှ ဒဲလ်ဘော့စကေးအနားယူမည်ဆိုပါက ၎င်း၏နေရာတွင် အစားထိုးဝင်ရောက်လိုသည်ဟု ဘာစီလိုနာနည်းပြအန်းနရစ်က ထုတ်ဖော်ပြောကြားထားသည်။

comments

error: Content is protected !!