၁၀-၂ ဖြင့်အရေးနိမ့်ခဲ့သည်မှာ အရှက်ခွဲခံရသည်ဟု ခံစားရကြောင်း ဗယ်လက်ကာနိုနည်းပြ ဆို

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ရီးရဲလ်အတွက် သတ္တမဂိုးသွင်းယူနေသည့် ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်အား ၁၀-၂ ဖြင့် အရေးနိမ့်ခဲ့သည့် ဗယ်လက်ကာနိုနည်းပြ ပါကိုဂျီမက်ဇ်က မိမိတို့အသင်းမှာ အရှက်ခွဲခြင်းနှင့် စော်ကားခြင်းခံခဲ့ရသည်ဟု ပြောကြားလိုက်သည်။

ထိုပွဲစဉ်တွင် ၉ ယောက်ကျန် ပြိုင်ဘက်အသင်းကို အိမ်ကွင်းတွင် ဂါရတ်ဘေးလ်၏ စူပါဟက်ထရစ်၊ ဘန်ဇီမာ၏ ဟက်ထရစ်တို့အပါအ၀င် ၁၀ ဂိုးသွင်းယူခဲ့သော်လည်း ဂျီမက်ဇ်က ထိုပွဲစဉ်မှာ လာလီဂါအတွက်အရေးနိမ့်မှုဖြစ်ပြီး စပိန်ဘောလုံးလောကအတွက် ဆုံးရှုံးမှုများခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ အရှက်ခွဲခံရပြီး စော်ကားခံရသလို ခံစားနေရတယ်။ ဒီရလဒ်ကြောင့် ရီးရဲလ်၊ ကျွန်တော်တို့အသင်း၊ စပိန်ဘောလုံးလောကတွေက ဘာအကျိုးအမြတ်မှ မရပါဘူး။ ဆုံးရှုံးမှုတွေပဲ များခဲ့တာပါ။ ဒီနေ့ပွဲမှာ ဘယ်သူမှ မနိုင်ဘူး။ အားလုံးရှုံးတယ်။ ရှက်ဖို့ကောင်းတယ်။ ဒီလိုမျိုးတွေက ဖြစ်တတ်ပေမယ့် ဘယ်နေရာမှာမှ ထပ်မဖြစ်တော့ဖို့ မျှော်လင့်ပါတယ်”ဟု ပါကိုဂျီမက်ဇ်က ပြောကြားခဲ့သည်။

ရီးရဲလ်မှာ ၁၉၆၀ ခုနှစ်က အယ်လ်ချီကို ၁၁-၂ ဖြင့် အနိုင်ရခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သွင်းဂိုး ဆယ်ဂဏန်းရယူနိုင်ခဲ့သည်မှာ ယခုပွဲတွင် ပထမဆုံးဖြစ်ပြီး ဗယ်လက်ကာနိုမှာ ပွဲချိန်အစောပိုင်းတွင် ၂-၁ ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်းနာရီဝက်အတွင်း ကစားသမား ၂ ဦး ထုတ်ပယ်ခံရပြီးနောက် ပေးဂိုးများခွင့်ပြုခဲ့ရသည်။

ဂျီမက်ဇ်က ဖြည့်စွက်ပြောကြားရာတွင် ကစားသမားများ၏အားထုတ်မှုကို အသိအမှတ်ပြုကြောင်း၊ ၎င်းတို့ကို မည်သို့ နှစ်သိမ့်ရမည်ကို မသိရှိကြောင်းနှင့် ကမ္ဘာ့အကောင်းဆုံးအမှတ်ပေးပြိုင်ပွဲတွင် ယခုကဲ့သို့ရလဒ်များ မထွက်ပေါ်သင့်ကြောင်း ပြောကြားခဲ့ပြီး ရီးရဲလ်နည်းပြဘင်နီတက်ဇ်ကမူ မိမိတို့အတွက် အကျိုးအမြတ်မရှိသော ပွဲများစွာရှိခဲ့ကြောင်း၊ ထိုအချိန်က မည်သည့်မှတ်ချက်မှ မပြုခဲ့သလို ယခုအချိန်တွင်လည်း ပြောကြားမည်မဟုတ်ဘဲ နည်းပြတစ်ဦးအနေဖြင့် ကစားသမားများကို ဂိုးများသွင်းယူကာ အာရုံစိုက် ခြေစွမ်းပြရန်သာ တိုက်တွန်းသွားမည်ဟု ဆိုသည်။

comments

error: Content is protected !!