မန်ယူမှ ဗန်ဟားလ်ထုတ်ပယ်ခံရပါက ပြောင်းလဲတာဝန်ယူရန် မော်ရင်ညိုအဆင်သင့်ဖြစ်နေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးမှထုတ်ပယ်ခံရပြီးနောက် ဘရိုက်တန်-မစ်ဒယ်ဘရော့ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့သည့် မော်ရင်ညို

ရလဒ်ဆိုးများနှင့်ကြုံတွေ့နေရသော မန်ယူနည်းပြဗန်ဟားလ် ရာထူးမှထုတ်ပယ်ခြင်းခံရပါက ၎င်း၏နေရာတွင် အစားထိုးတာဝန်ယူရန် ချဲလ်ဆီးအသင်း၏ထုတ်ပယ်ခြင်းခံခဲ့ရသည့် နည်းပြမော်ရင်ညိုဘက်မှ အဆင်သင့်ဖြစ်နေကြောင်းသိရသည်။

မန်ယူအသင်းသည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ တွင် အိမ်ကွင်း၌ နောဝစ်ခ်ျအသင်းကို ၁-၂ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီးနောက် နည်းပြဗန်ဟားလ်၏ အနာဂတ်မှာ လာမည့်ပွဲစဉ် ၂ ပွဲအပေါ်တွင် မူတည်လာကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် နည်းပြမော်ရင်ညိုကိုခန့်အပ်ဖွယ်ရှိသည်ဆိုသော သတင်းများမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။

သို့သော် ဆက်စပ်သတင်းများအဖြစ် လီဗာပူးနည်းပြဟောင်းဂရေမီဆောင်းနက်စ်က မော်ရင်ညိုမှာ မန်ယူ၏အနာဂတ်နည်းပြဖြစ်လာလိမ့်မည်မဟုတ်ကြောင်းပြောကြားခဲ့ပြီး လက်ရှိနည်းပြဗန်ဟားလ်၏လက်ထောက် ရိုင်ယန်ဂစ်မှာ နည်းပြဖြစ်လာနိုင်သည်ဟု သုံးသပ်သွားခဲ့သည်။

comments

error: Content is protected !!