ဟစ်ဒင့်၏လက်ထောက်အဖြစ် ချဲလ်ဆီးသို့ ဒရော့ဘာ ပြန်လာဖွယ်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆန်းဒါးလန်းနှင့်ပွဲအပြီးတွင် ဟစ်ဒင့်၊ ဒရော့ဘာ၊ အေဘရာမိုဗစ်ခ်ျတို့အား တွေ့ရစဉ်

ချဲလ်ဆီးယာယီနည်းပြဂုစ်ဟစ်ဒင့်သည် ဒီဒီယာဒရော့ဘာအား နည်းပြအဖွဲ့ဝင်အဖြစ်ခေါ်ယူရန်ဆန္ဒရှိနေပြီး ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒရော့ဘာမှာ လက်ရှိကစားနေသည့် မေဂျာလိဂ်ကလပ် မွန်ထရီရယ်မှ ထွက်ခွာခွင့်ရရန် ညှိနှိုင်းနိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။

ဒရော့ဘာမှာ မွန်ထရီရယ်အသင်းနှင့် စာချုပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးသူဖြစ်ကာ ပြီးခဲ့သည့် ဆန်းဒါးလန်းနှင့်ပွဲစဉ်ကို ဂုစ်ဟစ်ဒင့်နှင့်အတူ လာရောက်ကြည့်ရှုခဲ့သည်။

“ကလပ်ရဲ့ပြယုဂ်ပုဂ္ဂိုလ်တွေက ကိုယ်နဲ့အတူလက်တွဲနေဖို့ လိုပါတယ်။ မွန်ထရီရယ်နဲ့ စာချုပ်သက်တမ်းရှိနေသေးတာကတော့ တစ်ခုတည်းသော ပြဿနာပါ”ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

comments

error: Content is protected !!