လီဗာပူးလ်ကို ဂိုးပြတ်သွင်းပြီး ပရီးမီးယားလိဂ် ၄ ပွဲဆက် အနိုင်ရခဲ့တဲ့ ၀က်ဖို့ဒ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
useweb
 တိုက်စစ်မှူး အစ်ဟာလိုက တတိယမြောက်အနိုင်ဂိုးကိုခေါင်းတိုက်သွင်းနေစဉ်။

ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရထားတဲ့ အိမ်ရှင် ၀က်ဖို့ဒ်အသင်းဟာ ဒီပွဲမှာလည်း အစ်ဟာလို၊ဒီနေး၊အက်ဘ်ဒီ၊ကတ်သ်ကတ်တို့လို အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ဒဏ်ရာကြောင့် မီနိုလက်မပါဝင်နိုင်ခဲ့တဲ့ လီဗာပူးကတော့ အရန်ဂိုးသမား အဒမ်ဘော့ဒန်ကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှုး ဘန်တီကီကလည်း အရန်လူစာရင်းမှာသာပါဝင်ခဲ့ပါတယ်။

1375508_WIDE_FULLSCREEN

ထောင့်ကန်ဘောအားဘော့ဒန်ထွက်ဖမ်းရာမှ ဘောလုံးလွတ်ကျခဲ့ပြီး နာသန်အက်ကီက အဖွင့်ဂိုးမသွင်းယူမီအခြေအနေ။

ပွဲအစ ၃ မိနစ်မှာပဲ အိမ်ရှင်ဝက်ဖို့ဒ်အသင်း မထင်မှတ်ဘဲ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ လီဗာပူး ဂိုးသမား ဘော့ဒန် ထောင့်ကန်ဘောကို ထွက်ဖမ်းရာမှာ ဘောလုံး လက်ထဲက လွတ်ကျသွားတာဖြစ်ပြီးဒီအခွင့်အရေးကို ၀က်ဖို့ဒ် ဘယ်နောက်ခံလူ နသန်အက်ကီက အမိအရ အသုံးချခဲ့သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီဂိုးဟာ လီဗာပူးဂိုးသမား ရဲ့ ပေါ့ဆမှုကြောင့်ပေးခဲ့ရတာပါ။

ပွဲချိန် ၁၅ မိနစ်မှာတော့ ၀က်ဖို့ဒ်အသင်း ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပါတယ်။ ကွင်းလယ်ကနေ ဒီနေး တင်ပေးလိုက်တဲ့ဘောလုံးကို တိုက်စစ်မှုး အစ်ဟာလိုက လီဗာပူးဂိုးသမားရဲ့ ညာဘက်ထောင့်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၃၂ မိနစ်မှာလည်း ၀က်ဖို့ဒ်အသင်း ဂိုးရဖို့
နီးစပ်ခဲ့ပါသေးတယ်။ လီဗာပူးလ်ဂိုးသမား ဘော့ဒန်ရဲ့ ပုတ်ထုတ်မှုကို အစ်ဟာလို ပိတ်သွင်းရာမှာ လွဲချော်သွားခဲ့တာကြောင့် လီဗာပူးနောက်ခံလူ စကာတယ် အချိန်မီ ရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာတော့ ဒဏ်ရာရသွားတဲ့ နောက်ခံလူ မာတင်စကာတယ်ရဲ့ နေရာမှာ တိုက်စစ်မှုးအိုရီဂီ ၀င်ရောက်လာပါတယ်။

လီဗာပူးလ်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ထိရောက်တဲ့တိုက်စစ်ဆင်မှု ပြုလုပ်နိုင်ခြင်းမရှိတာကြောင့် အိမ်ရှင် ၀က်ဖို့ဒ်အသင်းက ၂-၀ အနိုင်နဲ့ ပထမပိုင်းပြီးဆုံးခဲ့ပါတယ်။လီဗာပူးအသင်းဟာ ဒုတိယပိုင်းစကတည်းက ချေပဂိုးရရှိဖို့တောက်လျှောက်တိုက်စစ်ဆင်ကစားခဲ့ပြီး ပွဲချိန် ၄၆ မိနစ်မှာ မိုရီနိုရဲ့ ထောင့်ကျဉ်းကန်သွင်းချက် ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့ပါတယ်။

1375730_WIDE_FULLSCREEN

နာသန်အက်ကီနှင့် နည်းပြဆန်းချက်ဇ်အားပွဲအပြီးတွင်တွေ့ရစဉ်။

ပွဲချိန် ၅၆ မိနစ်မှာ လီဗာပူးအသင်း တန်ပြန်တိုက်စစ်ကတစ်ဆင့် ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် အိုရီဂီက အသင့်ပါလာတဲ့ ကော်တင်ဟိုကို ထိုးမပေးဘဲ တစ်ကိုယ်တော်ထိုးဖောက်ဖို့ကြိုးစားခဲ့တာကြောင့်အခွင့်အရေးတစ်ရပ်ဆုံးရှုံးသွားခဲ့ပါတယ်။ ပွဲချိန် ၆၃ မိနစ်မှာ ၀က်ဖို့ဒ်တိုက်စစ်မှူး အစ်ဟာလို လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့မှာအပိုင်ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဘော့ဒန် အကောင်းဆုံး ပုတ်ထုတ်ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၄ မိနစ်အရောက်မှာတော့ ဖာမီနိုနဲ့လယ်လာနာတို့အစား ဘန်တီကီနဲ့ဂျော်ဒန်အိုင်ဘီတို့ ထည့်သွင်းပြီး တိုက်စစ်မြှင့်တင်ခဲ့ပါတယ်။ ချေပဂိုးရဖို့ ထောက်လျှောက်ဖိကစားနေတဲ့ လီဗာပူးကို ၀က်ဖို့အသင်း တန်ပြန်တိုက်စစ်နဲ့သာ တုန့်ပြန်ကစားနေခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ ၀က်ဖို့ဒ်အသင်း တတိယမြောက် ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပါတယ်။ ဘီဟရာမီရဲ့ တိကျတဲ့ ဖြတ်တင်ပေးပို့မှုကို တိုက်စစ်မှူး အစ်ဟာလိုက ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။နောက်ပိုင်းပွဲချိန်တွေမှာ လီဗာပူးအသင်း ထိရောက်တဲ့ တိုက်စစ်ဆင်မှု ပြုလုပ်နိုင်ခဲ့ခြင်းမရှိသလို ၀က်ဖို့ဒ်အသင်းကလည်း ခံစစ်ကို အားပြုကစားသွားတာကြောင့် ပွဲအပြီးမှာတော့အိမ်ရှင်ဝက်ဖို့ဒ်အသင်းက ၃-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲဟာ ၀က်ဖို့ဒ်အသင်းအတွက် ဒီရာသီ အကြီးမားဆုံး နိုင်ပွဲဖြစ်ပြီး လီဗာပူးအသင်းအတွက်လည်း နည်းပြကလော့ပ်လက်ထက် အဆိုးရွားဆုံး ရှုံးနိမ့်မှုဖြစ်ခဲ့ပါတယ်။အခုပွဲနိုင်တဲ့ဝက်ဖို့ဒ်ဟာရမှတ်၂၈မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့်၇ထိတက်လှမ်းနိုင်ခဲ့ပြီးအမှတ်ပေးဇယားမှာ အဆင့်၎နေရာက စပါးနဲ့ ၁မှတ်သာကွာဟပါတော့တယ်။ ဂိုးပြတ်ရှုံးတဲ့လီဗာပူးကတော့အဆင့်၉ထိဆင်းခဲ့ရပါတယ်။

comments

error: Content is protected !!