ရေနီယာရီ ဖွင့်ဟခဲ့တဲ့ အသင်းပိုင်ရှင်တွေရဲ့ တန်းဆင်းစိုးရိမ်ကြောင့်ကြမှု

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
SPIELFELD, AUSTRIA - JULY 13: Claudio Ranieri poses with Leicester City's Vice Chairman Aiyawatt Srivaddhanaprabha as he is unveiled as the new Leicester City manager at their pre-season training camp on July 13, 2015 in Spielfeld, Austria. (Photo by Plumb Images/Leicester City FC via Getty Images)
လက်စတာအသင်းဒုဥက္ကဋ္ဌအာရီဝက်ဆီဗဒနပရက်ဟနှင့် ရေနီယာရီအားတွေ့ရစဉ်။

နည်းပြရေနီယာရီ တစ်ယောက် အမှတ်ရဖွယ်ရာမှတ်တမ်းကောင်းများနဲ့ လက်စတာကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်စေနိုင်ပြီးနောက်
အသင်းပိုင်ရှင်များနဲ့ တန်းဆင်းခဲ့လျှင်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးမှုလုပ်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

အသင်းဒုဥက္ကဋ္ဌအာရီဝက်ဆီဗဒနပရက်ဟက လက်စတာအသင်းတန်းဆင်းခဲ့လျှင် ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း ဆက်လက်ကိုင်တွယ်ပေးရန်တောင်းဆိုခဲ့တယ်လို့ နည်းပြရေနီယာရီ ကထုတ်ဖော်ပြောကြားလိုက်တာဖြစ်တယ်။ဒါပေမဲ့အခုတစ်ပတ်မှာတော့ လက်စတာအသင်းဟာ အမှတ်ပေးဇယားကိုဦးဆောင်သူအနေဖြင့်နဲ့ အဲဗာတန်ရဲ့ကွင်းကိုသွားရောက်ယှဉ်ပြိုင်ကစားရတော့မှာဖြစ်လို့ နွေရာသီကစိုးရိမ်ကြောင့်ကြရတဲ့အခြေအနေနဲ့ကွာဟသွားပြီပဲဖြစ်ပါတယ်။

သူတို့ရဲ့ နောက်ဆုံး၉ပွဲမှာ ၇ပွဲနိုင်ခဲ့ပြီး အနိုင်ရခဲ့တဲ့အသင်းထဲမှာ မော်ရင်ဟိုကိုအသင်းကထုတ်ပယ်ပြစ်ဖို့အဆုံးအဖြတ်ဖြစ်လာစေနိုင်တဲ့ချဲလ်ဆီးအသင်းကိုအနိုင်ရတဲ့ပွဲနဲ့ မန်ယူနည်းပြဗန်ဟားလ်ကိုအကြပ်တွေ့စေခဲ့တဲ့ပွဲတွေလဲပါခဲ့တယ်။အသင်းရဲ့ ဒုတိယနှစ်ဆက်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တန်းဆင်းရဖို့အခြေအနေများတယ်လို့ သတ်မှတ်ခံရပေမယ့် ဘောလုံးရာသီပြန်လည်စတင်ကတည်းက အသင်းရဲ့စွမ်းဆောင်ရည်ကြောင့် အံသြမှင်သက်စရာတွေဖြစ်ခဲ့ကြတယ်။
လက်စတာကိုတန်းတက်စေခဲ့ပြီး ပရီးမီးယားလိဂ်မှာရှင်သန်စေခဲ့တဲ့ နည်းပြပီယာဆင်ရဲ့နေရာမှာ ၀ါရင့်နည်းပြရေနီယာရီနဲ့ အစားထိုးခဲ့စဉ်က ပရီးမီးယားလိဂ်မှာ ဆက်လက်ရှိနေနိုင်ပါ့မလားဆိုတဲ့သံသယတွေရှိနေခဲ့ကြတယ်။

ရေနီယာရီဟာ လက်စတာကို မကိုင်တွယ်ခင်က ဂရိလက်ရွေးစင်အသင်းကနေရလဒ်ဆိုးကြောင့် ထုတ်ပယ်ခံထားရသူလည်းဖြစ်တာကြောင့်ပါ။
“လက်စတာနဲ့စာချုပ်ချုပ်ဆိုတုန်းက ဒီဇင်ဘာကာလ အခုလိုလိဂ်ပြိုင်ပွဲမှာ ထိပ်ပိုင်းရောက်အောင်လုပ်နိုင်မယ်လို့ မယုံကြည်ခဲ့ဘူး”ရေနီယာရီကဆိုပါတယ်။
အသက်၆၄နှစ်အရွယ်ရှိပြီဖြစ်တဲ့သူက”အရမ်းကိုမယုံကြည်နိုင်ဖွယ်ရာကိစ္စ၂ခုကျွန်တော်ရခဲ့တယ်။ ပထမတစ်ခုက အသင်းပိုင်ရှင်ဟာ နောက်နှစ်နှစ်လောက် ပရီးမီးယားလိဂ်မှာ လက်စတာဆက်လက်ရှိနေစေချင်တယ်။အသင်းကိုပိုကြီးထွားစေချင်တယ်။ ထိပ်ပိုင်းနေရာတွေမှာ ရပ်တည်စေချင်တယ်။ နောက်တစ်ခုအသင်းပိုင်ရှင်ရဲ့သားကကျွန်တော်ကိုပြောတာက ပရီးမီးယားလိဂ်မှာ တစ်ခုခုအမှားအယွင်းဖြစ်ခဲ့ရင်ချန်ပီယံရှစ်မှာ လက်စတာနဲ့အတူကျွန်တော့်ကိုဆက်နေစေချင်ခဲ့တယ်။ ကျွန်တော်ရှိနေပါ့မယ်လို့ ၀န်ခံခဲ့တယ်”

“ကျွန်တော့်အတွက်ဒါဟာ အံအားသင့်ဖွယ်ရာအခြေအနေပါ။ ဒီမှာကချိန်ခွင်လျာညီမျှမှုရှိတယ်။ ပြီးတော့ စီမံကိန်းတွေလည်းရှိတယ်။ နောက်ဘာဖြစ်ဖြစ်ကျွန်တော့်ကိုလည်းဆက်နေစေချင်ကြသေးတယ်။ဒါဟာ ကျွန်တော့်အတွက်အရေးကြီးတဲ့အရာပါ”ဟု ရေနီယာရီကဆိုပြန်တယ်။
လက်စတာဟာ အဲဗာတန်အသင်းကွင်းသွားရောက်ရင်ဆိုင်ပြီးရင် Boxing Dayကာလမတိုင်ခင်မှာ လီဗာပူးနဲ့ အိမ်ကွင်းမှာကစားရဦးမှာဖြစ်သလို
ဒီဇင်ဘာ၂၉မှာ မန်စီးတီးရဲ့အိမ်ကွင်းကိုလည်းသွားကစားရပါဦးမယ်။”ဒါဟာလွယ်မှာမဟုတ်ဘူး။ ဒီပွဲတွေမှာအမှတ်တွေရရင် ကျွန်တော်အရမ်းပျော်မိပါလိမ့်မယ်။ ဟိုအရင်ကကျွန်တော်ပြောခဲ့ဖူးပါတယ်။ရမှတ်၄၀ရခဲ့ရင် နောက်ဘာကိုဆက်သွားမလဲဆိုတာကျွန်တော်ထပ်ပြောပါလိမ့်မယ်”ဟု ပရီးမီးယားလိဂ်ချန်ပီယံအဖြစ်ရေပန်းစားလာခဲ့သည့် လက်စတာအားဦးဆောင်ပဲ့ကိုင်ရှင်ရေနီယာရီကဖွင့်ဟခဲ့ပါသေးတယ်။

အခုချိန်မှာတော့ လက်စတာအသင်းပိုင်ရှင်တွေဟာ ရာသီအစကစိုးရိမ်ကြောင့်ကြခဲ့တဲ့တန်းဆင်းစရာအခြေအနေကို ပြောင်းပြန်ပြစ်နိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ပိုင်းမှာရပ်တည်လာနိုင်ခဲ့ပါတယ်။ သူတို့အနေနဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲချန်ပီယံအဖြစ် ဆက်လက်ရပ်တည်မလားဆိုတာ အရေးကြီးကာလ Boxing Dayနဲ့ ဒုတိယရာသီဝက်မှာ ခြေကုန်လက်ပန်းမကျနိုင်ဖို့ဘယ်လိုရှင်သန်ဖြတ်သန်းနိုင်အောင် နည်းပြကြီးရေနီယာရီတစ်ယောက် ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလို့နေပြန်ပါပြီ။
useleci

comments

error: Content is protected !!