ဟစ်ဒင့်အားနည်းပြခန့်အပ်နိုင်ရန် ချဲလ်ဆီးအသင်းဆွေးနွေးမှုများပြုလုပ်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
LONDON, ENGLAND - MAY 30:  Chelsea manager Guus Hiddink (2R) and winning goalscorer Frank Lampard (R) celebrate with team mates after the FA Cup sponsored by E.ON Final match between Chelsea and Everton at Wembley Stadium on May 30, 2009 in London, England.  (Photo by Alex Livesey/Getty Images)
ချဲလ်ဆီးအသင်းအား ဟစ်ဒင့်၂၀၀၉ခုနှစ်ကကိုင်တွယ်စဉ် အက်ဖ်အေဖလားဆွတ်ခူးနိုင်ပြီးနောက်အသင်းသားများနှင့်အတူတွေ့ရစဉ်။

ယခင်နယ်သာလန်လက်ရွေးစင်အသင်းနည်းပြဟစ်ဒင့်အား ထုတ်ပယ်ခဲ့သည့်နည်းပြမော်ရင်ဟိုနေရာတွင် အစားထိုးခန့်အပ်နိုင်ရန်ချဲလ်ဆီးအသင်းကစတင်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း ဘီဘီစီ၏သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

အသက်၆၉နှစ်ရှိဟစ်ဒင့်သည် သောကြာနေ့က လန်ဒန်ရှိဟိုတယ်တစ်ခုသို့ရောက်လာခဲ့ကာ ချဲလ်ဆီးအသင်းတာဝန်ရှိသူများနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

ယင်းသို့နှစ်ဘက်ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ယနေ့တွင် ဆန်းဒါးလန်းနှင့်ကစားမည့်ပွဲကိုကြီးကြပ်နိုင်ဦးမည်မဟုတ်ကြောင်းလည်းသိရသည်။

ဟစ်ဒင့်သည် ၂၀၀၉ခုနှစ်ကစကိုလာရီထုတ်ပယ်ခံရပြီးနောက် ချဲလ်ဆီးအသင်းအသင်းနည်းပြအဖြစ်ခန့်အပ်ခံရပြီး အက်ဖ်အေဖလားရရှိနိုင်ရန် စွမ်းဆောင်ပေးခဲ့သည်။ဝါရင့်နည်းပြကြီးဟစ်ဒင့်သည် ပီအက်စ်ဗီအသင်းတွင်နည်းပြစဉ်က ဟော်လန်အမှတ်ပေးချန်ပီယံ၆ကြိမ်၊ ဥရောပဖလားတစ်ကြိမ်ရရှိခဲ့သည်။

ယနေ့တွင် ဆန်းဒါးလန်းအသင်းနှင့်ပွဲစဉ်၌ ယာယီနည်းပြအဖြစ် အက်ဒီနော်တွန်နှင့် စတိဗ်ဟော်လန်တို့ကိုတာဝန်ယူသွားမည်ဖြစ်ပြီး နော်တွန်မှာ ချဲလ်ဆီးအသင်းတွင်၁၉၉၀မှ ၁၉၉၉ခုနှစ်အထိကစားပေးခဲ့သူဖြစ်ကာ မက်တီယိုကိုင်တွယ်စဉ်က လက်ထောက်နည်းပြရာထူးရယူခဲ့သူဖြစ်သည်။

စတိဗ်ဟော်လန်မှာ ၂၀၁၁ခုနှစ်တွင် ချဲလ်ဆီးအရန်အသင်းကို အရန်အသင်းဖလားရရှိစေသူဖြစ်ပြီး လက်ရှိတွင် အင်္ဂလန်ယူ၂၁အသင်း၌ ဂရတ်ဆောက်ဂိတ်၏ လက်ထောက်နည်းပြအဖြစ်တာဝန်ယူနေသူတစ်ဦးဖြစ်သည်။

comments

error: Content is protected !!