နာပိုလီတွင် အစဉ်တစိုက်ကစားသွားမည်မဟုတ်ဟု ဟီဂူအင်ဖွင့်ဟ
|
နာပိုလီတွင် ထာဝရမကစားနိုင်ဟုဆိုလိုက်သည့် ဟီဂူအင်
တိုက်စစ်မှူးဟီဂူအင်က နာပိုလီတစ်သင်းတည်းတွင်သာ ထာဝရကစားသွားမည်ဟု ကတိမပေးနိုင်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့သည်။
အဆိုပါအာဂျင်တီးနားတိုက်စစ်မှူးက ”ကျွန်တော့်စာချုပ်သက်တမ်းရှိနေသေးသလို ဒီမြို့မှာနေရာတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုအစဉ်တစိုက်ရနေလို့ အခုထက်ပိုပြီးကစားနိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ ဒါပေမဲ့ ကစားသမားဘ၀တစ်လျှောက်လုံး ဒီမှာရှိနေမယ်လို့တော့ ကတိမပေးနိုင်ပါဘူး” ဟု ပြောကြားခဲ့သည်။
နာပိုလီမှာ ယခုတစ်ပတ် စီးရီးအေပွဲစဉ် ၁၇ တွင် အတ္တလန္တာနှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး ပြီးခဲ့သည့်ဘောလုံးရာသီတွင်တွေ့ဆုံခဲ့စဉ် ပင်နယ်တီသွင်းဂိုးလွဲချော်ခဲ့သော ဟီဂူအင်က ယခုပွဲတွင် ခြေစွမ်းပြနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Prev : ရိုးမားနည်းပြဂါစီယာနေရာအစားထိုးရန် ဘီရဲဆား တစ်ပြေးနေ
Next : ဘိုင်ယန်မြူးနစ်တောင်ပံလူ ရီဘာရီ ဒဏ်ရာကြောင့် နောက်ထပ် ၂ လခန့်အနားယူရမည်
Next : ဘိုင်ယန်မြူးနစ်တောင်ပံလူ ရီဘာရီ ဒဏ်ရာကြောင့် နောက်ထပ် ၂ လခန့်အနားယူရမည်