ဟစ်ဒင့်အား ချဲလ်ဆီးနည်းပြအဖြစ်ခန့်အပ်မည်ဟု ရေပန်းစား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချဲလ်ဆီးနည်းပြဖြစ်လာရန် ရေပန်းစားနေသည့် ဟစ်ဒင့်

ချဲလ်ဆီးအသင်းက တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း သြစတြေးလျလက်ရွေးစင်ဘောလုံးအသင်းက ၎င်းတို့၏ တွစ်တာစာမျက်နှာ၌ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာမည့်ဟစ်ဒင့်အတွက် ဂုဏ်ယူကြောင်း ရေးသားခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသော မော်ရင်ဟို၏နေရာတွင် နည်းပြသစ်အဖြစ် ယခင်နယ်သာလန်လက်ရွေးစင်နည်းပြဟောင်း ဟစ်ဒင့်ဖြစ်လာမည်ဟု ထင်မြင်ချက်များ ထွက်ပေါ်လာခဲ့သည်။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သည့် ကက်ဇ်မန်းကလည်း မော်ရင်ညိုမရှိတော့သည့် ချဲလ်ဆီး၌ နည်းပြအဖြစ် သွားရောက်တာဝန်ယူမည်ဟု မိမိအားပြောခဲ့ကြောင်း ခရိုအေးရှားသတင်းဌာနတစ်ခုသို့ ဖွင့်ဟခဲ့သည်။

့ကက်ဇ်မန်းက”ကလပ်က တရားဝင်အတည်ပြု မပြုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ဟစ်ဒင့်က မော်ရင်ညိုရဲ့နေရာမှာ သူအစားဝင်ကိုင်တွယ်မယ်လို့ ပြောခဲ့ပါတယ်။ ဟစ်ဒင့်ဟာ ကစားသမားတွေကို ဘယ်အချိန်မှာတင်းပြီး ဘယ်အချိန်မှာလျှော့ရမလဲဆိုတာသိတဲ့ ထိပ်တန်းနည်းပြတစ်ဦးပါ။ ကစားသမားတွေကို စိတ်ဓာတ်ပိုင်းတက်ကြွအောင် လှုံ့ဆော်တဲ့နေရာမှာ ပိုတောင်ကျွမ်းကျင်ပါတယ်။ သူနဲ့ဆိုရင်ချဲလ်ဆီးဟာ ပုံမှန်ခြေစွမ်းကို ပြန်ရပြီး ဇယားထိပ်ပိုင်းပြန်ရောက်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ချဲလ်ဆီးက ကျွန်တော်အကြိုက်ဆုံးကလပ်တွေထဲက တစ်သင်းပါ။ ချန်ပီယံလိဂ်မှာ သူတို့ခြေစွမ်းပြတာ မြင်ချင်ပါသေးတယ်”ဟု ခရိုအေးရှားသတင်းဌာန တစ်ခု၌ပြောခဲ့သည်။

ဟစ်ဒင့်သည် ချဲလ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်က ကိုင်တွယ်ခဲ့ဖူးပြီး အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ကာ ချဲလ်ဆီးအားကိုင်တွယ်စဉ် နိုင်ပွဲ ၇၃ ရာခိုင်နှုန်းရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်နည်းပြတစ်ဦးဖြစ်သည်။

comments

error: Content is protected !!