ရိုးမားနည်းပြဂါစီယာနေရာအစားထိုးရန် ဘီရဲဆား တစ်ပြေးနေ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
မာဆေးကိုတာဝန်ယူစဉ်ကတွေ့ရသည့် ဘီရဲဆား

ရိုးမားအသင်းသည် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့သော ကိုပါအီတာလီယာဖလား ၁၆ သင်းအဆင့်ပွဲစဉ်တွင်  အိမ်ကွင်း၌ အက်စ်ပီဇီရာကို ပင်နယ်တီအဆုံးအဖြတ်ဖြင့်အရေးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသဖြင့် နည်းပြဂါစီယာ၏ အနာဂတ်မှ သေချာမှုမရှိတော့ကြောင်းသိရပြီး ယခုတစ်ပတ်တွင်ယှဉ်ပြိုင်မည့် ဂျီနိုအာနှင့်ပွဲမှာ အဆုံးအဖြတ်ဖြစ်လာနိုင်သည်ဟု သိရသည်။

နည်းပြဂါစီယာ ထုတ်ပယ်ခံရမည်ဆိုပါက ၎င်း၏နေရာတွင်အစားထိုးရန် မာဆေးနည်းပြဟောင်းဘီရဲဆားမှာ ထိပ်ဆုံးမှရေပန်းစားနေကြောင်း သိရပြီး လစ်ပီနှင့် မက်ဇာရီတို့သည်လည်း ခေါ်ယူရန်လျာထားခံရကြောင်း သတင်းဌာနများကဖော်ပြခဲ့သည်။

အဆိုပါအာဂျင်တီးနားလူမျိုးနည်းပြသည် ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘောလုံးရာသီတွင် လီဂူး-၁ ကလပ် မာဆေးအသင်းကို အဆင့် ၄ နေရာဖြင့်ရာသီသိမ်းစေခဲ့ပြီးနောက် ယခုနှစ်အဖွင့်ပွဲတွင် ကိန်းအသင်းကိုအရေးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် အသင်းမှနုတ်ထွက်ကြောင်း တရားဝင်ကြေညာခဲ့သည်။

comments

error: Content is protected !!