ကလော့ပ်၏ အပြုအမူမှာ မိုက်မဲသည့်လုပ်ရပ်ဖြစ်ကြောင်း မက္ကလင်းပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပွဲချိန်အတွင်းတွေ့ရသည့် ကလော့ပ်နှင့် တိုနီပူးလစ်

ဝက်စ်ဘရွန်းတောင်ပံကစားသမားဂျိမ်းစ်မက္ကလင်းက ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အဖြစ် လီဗာပူးနှင့်ယှဉ်ပြိုင်ခဲ့သည့်ပွဲအပြီးတွင် လီဗာပူးနည်းပြကလော့ပ်က ၀က်စ်ဘရွန်းနည်းပြတိုနီပူးလစ်ကို လက်ဆွဲနှုတ်ဆက်ခြင်းမရှိဘဲ ထွက်ခွာခဲ့သည့်အပြုအမူနှင့်ပတ်သက်၍ အဆိုပါဂျာမန်လူမျိုး၏ လုပ်ရပ်မှာ အလွန်မိုက်မဲသည့်အပြုအမူဖြစ်သည်ဟု ပြောကြားလိုက်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မက္ကလင်းက ”ဒေါ့မွန်မှာ ကောင်းမွန်တဲ့လုပ်ဆောင်မှုတွေကြောင့် သူ့ကို ကျွန်တော်လေးစားပြီးသားပါ။ ဒါပေမဲ့ အခုအခြေအနေကို အမှန်အတိုင်းပြောရရင် သူ့လုပ်ရပ်က အရမ်းမိုက်မဲတဲ့လုပ်ရပ်ပါပဲ။ အဲဒီပွဲမှာ အခုလိုမလုပ်သင့်ပါဘူး။ နိုင်နိုင်၊ ရှုံးရှုံး၊ သရေပဲဖြစ်ဖြစ် လေးစားမှုတော့ရှိသင့်တယ်”ဟု ပြောကြားခဲ့သည်။

လီဗာပူးမှာ ယင်းပွဲစဉ်တွင် အိုရီဂီ၏ နောက်ဆုံးမိနစ်သွင်းဂိုးဖြင့် ၂-၂ သရေရလဒ်ရယူခဲ့ပြီးနောက် နည်းပြကလော့ပ်၏ အောင်ပွဲခံမှုနှင့်ပတ်သက်၍ ၀က်စ်ဘရွန်းနည်းပြအဖွဲ့ဝင် အိုကွန်နာနှင့် အချင်းများမှုဖြစ်ပွားခဲ့ပြီး နည်းပြတိုနီးပူးလစ်ကို လက်ဆွဲနှုတ်ဆက်ခြင်းမရှိဘဲ ကွင်းတွင်းမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!