ချဲလ်ဆီးနည်းပြအဖြစ်မှ မော်ရင်ဟို ထုတ်ပယ်ခံရ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
HAIFA, ISRAEL - NOVEMBER 24:  Jose Mourinho, manager of Chelsea looks on during the UEFA Champions League Group G match between Maccabi Tel-Aviv FC and Chelsea FC at Sammy Ofer Stadium on November 24, 2015 in Haifa, Israel.  (Photo by Ian Walton/Getty Images)
ချဲလ်ဆီးအသင်းနည်းပြရာထူးမှထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟို။

ချဲလ်ဆီးအသင်းသည် နည်းပြမော်ရင်ဟိုအားရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်သည်။

မော်ရင်ဟိုအနေဖြင့် အသင်းအားပရီးမီးယားလိဂ်ချန်ပီယံရရှိရန်စွမ်းဆောင်ပေးပြီး၇လအကြာတွင်ထုတ်ပယ်ခံရခြင်းဖြစ်သည်။ပြီးခဲ့သည့်ဘောလုံးရာသီကချဲလ်ဆီးအသင်းအား အမှတ်ပေးချန်ပီယံအဖြစ်၈မှတ်ဖြတ်ရရှိနိုင်ခဲ့သလို လိဂ်ဖလားကိုလည်းရရှိစေနိုင်ခဲ့သည်။

သို့ရာတွင်မူယခုနှစ်ဘောလုံးရာသီတွင် ချဲလ်ဆီးအသင်းမှာ အမှတ်ပေးပွဲ၁၆ပွဲကစားပြီးချိန် ၉ပွဲအထိရှုံးနိမ့်ခဲ့ရပြီး အဆင့်၁၆နေရာအထိရောက်ရှိလာခဲ့သည်။
ယင်းသို့ရလဒ်ဆိုးများကြုံတွေခဲ့ရသည့်အတွက်ကြောင့် မော်ရင်ဟိုအားထုတ်ပယ်ခဲ့ခြင်းကြောင်းကိုချဲလ်ဆီးအသင်းက”ချဲလ်ဆီးအသင်းနဲ့ မော်ရင်ဟိုတို့ဟာ နှစ်ဦးသဘောတူညီချက်နဲ့ ကနေ့မှာလမ်းခွဲပြတ်စဲလိုက်ပါပြီ။ သူ့အနေနဲ့ ၂၀၁၃ခုနှစ်မှာ အသင်းကိုပြန်လာပြီးအသင်းအတွက်နည်းပြဦးဆောင်ခဲ့တဲ့အတွက်ချဲလ်ဆီးအသင်းဘက်ကကျေးဇူးတင်ပါတယ်။ သူဟာ အမှတ်ပေးချန်ပီယံ၃ကြိမ်၊အက်ဖ်အေဖလား၊ကွန်မြူနတီဒိုင်း၊လိဂ်ဖလား၃ကြိမ်ရယူပေးခဲ့ပြီး ဒါဟာ အသင်းရဲ့နှစ်၁၁၀သမိုင်းမှာ အောင်မြင်မှုအရှိဆုံးနည်းပြဖြစ်ခဲ့ပါတယ်။ သူ့ကို ကောင်းသောထွက်ခွာခြင်းအနေနဲ့ပဲ ဖြစ်စေခြင်ပါတယ်။ သူ့ကိုကျွန်တော်တို့လေးစားတယ်။အသင်းရဲ့ ပုံရိပ်တစ်ခုအနေနဲ့ ဆက်လက်ရှိနေမှာပါ”ဟုပြောခဲ့သည်။

afadfa
ချဲလ်ဆီးအသင်းအား ၂၀၀၃ခုနှစ်က ရိုမန်အေဗရာမိုဗစ်ခ်ျဝယ်ယူပြီးနောက်ပိုင်းတွင် အသင်းမှာနည်းပြ၈ဦးထိအပြောင်းအလဲရှိခဲ့ပြီဖြစ်သည်။ယခုအခါတွင် ချဲလ်ဆီးအသင်းနည်းပြသစ်ဖြစ်လာရန် ဂွာဒီယိုလာ၊ဟစ်ဒင့်၊ဘရန်ဒန်ရော်ဂျာ၊ဟွမ်ဒီရာမို့စ်တို့ ရေပန်းစားလျက်ရှိကြောင်းသတင်းများထွက်ပေါ်နေသည်။

comments

error: Content is protected !!