ထိုက်ထိုက်အောင် ငါးနှစ်စာချုပ်ဖြင့် ကမ္ဘောဇအသင်းသို့ရောက်ရှိ

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
htikehtikeaung
ကမ္ဘောဇအသင်းမှ ခေါ်ယူလိုက်သည့် ထိုက်ထိုက်အောင်အား တွေ့ရစဉ်။

အောင်သော်ဖြိုး။
ဒီဇင်ဘာ ၁၇။

နယူးဇီလန် ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၉ အသင်း နှင့် ဧရာဝတီအသင်း ၏ နောက်ခံလူ ထိုက်ထိုက်အောင် ကို ကမ္ဘောဇအသင်း (ရှမ်းယူနိုက်တက်) က ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်းကမ္ဘောဇအသင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

ပြည်တွင်းက လက်ရွေးစင်အဆင့် လူငယ်ကစားသမားတွေကို ခေါ်ယူသွားမှာပါ ဟု ရှမ်းယူနိုက်တက် နည်းပြချုပ် ဦးစိုးမြတ်မင်းက ဆိုသည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရေးအတွက် ပြင်ဆင်မှုအများအပြား ပြုလုပ်နေသည့် အသင်းတစ်သင်းဖြစ်ပြီး အသင်းကိုအများပိုင် အသင်းအဖြစ် ပြောင်းလဲခဲ့သည့် အသင်းလည်းဖြစ်သည်။

ကမ္ဘောဇအသင်းသည် အပြောင်းအရွေ့ကာလအတွင်း ပြည်တွင်းမှ လက်ရွေးစင် အဆင့် ကစားသမားများကိုခေါ်ယူခဲ့ပြီး ဂိုးသမား သီဟစည်သူ၊ ဟိဏ်းသီဟဇော်၊ နေလင်းထွန်း၊ လှိုင်မျိုးအောင်၊ ဇင်မင်းထွန်း တို့ကို ခေါ်ယူခဲ့ပြီးနောက် ထိုက်ထိုက်အောင်ကို ကာလရှည်စာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

comments

error: Content is protected !!