ဘိုင်ယန်နှင့် ဂွါဒီယိုလာ စာချုပ်သစ်ချုပ်ဆိုမည်မဟုတ်ဟု သတင်းထွက်ပေါ်
|
နည်းပြဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်နှင့်စာချုပ်သစ်ချုပ်ဆိုမည့်ကိစ္စကို လာမည့်ခရစ္စမတ်နေ့မတိုင်မီ တရားဝင်ပြောကြားမည်ဟု ယမန်နေ့ကကြေညာခဲ့ပြီးနောက် ယနေ့တွင် ဂျာမန်မဂ္ဂဇင်း Sport Bild မှ အဆိုပါနည်းပြမှာ အသင်းအမှုဆောင်အရာရှိချုပ်ရူမင်နစ်ဂီထံသို့ စာချုပ်သစ်ချုပ်ဆိုမည်မဟုတ်ကြောင်း အကြောင်းကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
ယခုသတင်းမှာ ဂွါဒီယိုလာကိုခေါ်ယူလိုသည့် ဥရောပထိပ်သီးကလပ်များအတွက် ခြေလှမ်းပြင်စရာဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းသို့ရောက်ရှိရန်နီးစပ်နေကြောင်းနှင့် မန်ယူနည်းပြဟောင်းဖာဂူဆန်ကလည်း ၎င်းကို မန်ယူသို့ပြောင်းရွှေ့ရန်ပြောကြားခဲ့ဖူးသဖြင့် မန်ယူသို့ရောက်ရှိဖွယ်ရှိကြောင်း သိရသည်။
နည်းပြဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်အတွက် ဘွန်ဒက်စ်လီဂါချန်ပီယံ၊ ဂျာမန်စူပါဖလား၊ ကမ္ဘာ့ကလပ်ချန်ပီယံနှင့် ဥရောပစူပါဖလားတို့ ရယူပေးခဲ့ပြီးနောက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ ၂ ကြိမ်ပို့ဆောင်ပေးခဲ့သူဖြစ်သည်။
Next : အသင်းဖော်ဟောင်းများအနက် ဘားကမ့်ကို အကောင်းဆုံးကစားသမားအဖြစ် အွန်နရီရွေးချယ်