အပြောင်းအရွှေ့ကာလတွင် ဗီလာနည်းပြဂါဒီ ကစားသမားသစ်ခေါ်ယူခွင့်ရမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
အာဆင်နယ်နှင့်ပွဲစဉ်က ဗီလာနည်းပြဂါဒီအား တွေ့ရစဉ်

ဗီလာနည်းပြရီမီဂါဒီမှာ လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူလိုပါက အသင်းပိုင်းရှင်အမေရိကန်သန်းကြွယ်သူဋ္ဌေးရန်ဒီလာနာမှ ခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း အသင်းအမှုဆောင်အရာရှိချုပ် တွမ်ဖောက်စ်က ပြောကြားလိုက်သည်။

လက်ရှိဗီလာအသင်းမှာ ယခုနှစ်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ ကစားပြီးချိန်၌ နိုင်ပွဲ ၁ ပွဲသာရရှိပြီး အမှတ်ပေးဇယားအောက်ဆုံး၌ ရပ်တည်နေသဖြင့် တန်းဆင်းဇုန်အတွင်းမှလွတ်မြောက်ရန်အတွက် နည်းပြဂါဒီကို ပြောင်းရွှေ့စရိတ်သုံးစွဲခွင့်ပြုမည်ဖြစ်သော်လည်း ဂါဒီကိုယ်တိုင် အသင်းပိုင်ရှင်အား တင်ပြရန်လိုအပ်ကြောင်း သိရှိရသည်။

အပြောင်းအရွှေ့ကာလ၌ ကစားသမားသစ်ခေါ်ယူခွင့်နှင့်ပတ်သက်၍ အမှုဆောင်အရာရှိချုပ် တွမ်ဖောက်စ်က ”ကျွန်တော်လုပ်ဆောင် ပေးလို့မရသလို၊ ကစားသမားတွေနဲ့ တခြားနည်းပြအဖွဲ့ဝင်တွေလည်း လုပ်ပေးလို့မရပါဘူး။ ဒီကိစ္စက ရီမီကိုယ်တိုင်ပြောရမှာပါ။ သူ့ဘက်က ဆန္ဒရှိမယ်ဆိုရင် အသင်းပိုင်ရှင်နားထဲရောက်အောင် ပြောရမှာပါ” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!