အဆင့် ၁ နေရာဖြင့် အဆုံးသတ်နိုင်မည်ဆိုပါက ရေနီယာရီ ပေါင် ၁.၇ သန်းရရှိမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လျှင် အပိုဆုကြေး ၁.၇ သန်းအထိရရှိမည့် ရေနီယာရီ

လက်စတာနည်းပြရေနီယာရီမှာ ယခုဘောလုံးရာသီကုန်ဆုံးချိန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားဆွတ်ခူးနိုင်မည်ဆိုပါက စာချုပ်သက်တမ်း ၃ နှစ်အတွင်း အပိုဆုကြေး ပေါင် ၁.၇ သန်းရရှိမည်ဖြစ်ကြောင်း လက်စတာက အတည်ပြုထုတ်ပြန်ခဲ့သည်။

အဆိုပါအီတလီလူမျိုးနည်းပြမှာ ယခုနွေရာသီအပြောင်းအရွှေ့တွင် လက်စတာသို့ရောက်ရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူနေရာရောက်ရှိစေရန် ကြိုးပမ်းပေးနိုင်ခဲ့သဖြင့် မူလသဘောတူညီချက်အရ တန်းဆင်းဇုန်အထက် အဆင့် ၁၇ မှစ၍ အဆင့် ၁ ဆင့်အတွက် ပေါင် ၁ သိန်းရရှိမည်ဖြစ်သောကြောင့် ချန်ပီယံဆုဖလားသိမ်းပိုက်နိုင်ပါက စုစုပေါင်း ပေါင် ၁.၇ သန်းရရှိမည်ဖြစ်သည်။

ဆုကြေးငွေနှင့်ပတ်သက်၍ နည်းပြရေနီယာရီက ”ကစားသမားတွေဆုကြေးရမလားဆိုတာတော့ ကျွန်တော်မသိဘူး။ သူတို့တွေ ဒါကိုမစီစဉ်ထားဘူးဆိုရင် သူတို့အမှားဖြစ်လိမ့်မယ်။ ချန်ပီယံဖြစ်ဖို့အတွက် ကျွန်တော်ကတော့ စဉ်းစားထားခဲ့ဖူးပါတယ်” ဟု ပြောကြားခဲ့သည်။

comments

error: Content is protected !!