ခရစ္စမတ်နေ့မတိုင်မီ အနာဂတ်နှင့်ပတ်သက်၍ တရားဝင်ပြောကြားမည်ဟု ဂွါဒီယိုလာ ဆို
|
ဒမ်စတက်နှင့်ပွဲတွင် ဂွါဒီယိုလာကိုတွေ့ရစဉ်
ဘိုင်ယန်မြူးနစ်နည်းပြဂွါဒီယိုလာက လာမည့် ဒီဇင်ဘာ ၂၅ ရက်၊ ခရစ္စမတ်နေ့ မတိုင်မီ စာချုပ်သစ်ချုပ်ဆိုမည်၊ မချုပ်ဆိုမည်ကို တရားဝင်ကြေညာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌရူမင်နစ်ဂီက အသက် ၄၄ နှစ်ရှိ အဆိုပါနည်းပြကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပြီး အသင်းခေါင်းဆောင်ဖီးလစ်လမ်းနှင့် ကွင်းလယ်လူ အလွန်ဆိုတို့ကလည်း နည်းပြဂွါဒီယိုလာကို ဆက်ရှိစေလိုသည်ဟု ပြောကြားခဲ့သည်။
ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့သော ပိုကယ်ဖလားပြိုင်ပွဲတွင် ဒမ်စတက်အသင်းကို ၁-၀ ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ပွဲပြီးသတင်းစာရှင်းလင်းပွဲ၌ ဂွါဒီယိုလာက ”ဒီနေ့ညတော့ ကျွန်တော်အဖြေမပေးနိုင်သေးပါဘူး။ လာမယ့်တစ်ပတ်မှာ အနာဂတ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်လာပါလိမ့်မယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
Prev : အာဆင်နယ်နှင့်ပွဲတွင် တိုက်စစ်မှူးအဂူရို ပြန်လည်ပွဲထွက်နိုင်
Next : လစာနှင့်ထိုက်တန်သည့်ခြေစွမ်းများ ပြသကြရန် အသင်းဖော်များကို ဖာဘရီဂတ်စ်သတိပေး
Next : လစာနှင့်ထိုက်တန်သည့်ခြေစွမ်းများ ပြသကြရန် အသင်းဖော်များကို ဖာဘရီဂတ်စ်သတိပေး