ချန်ပီယံလိဂ်အုပ်စုအဆင့် အကောင်းဆုံးအသင်းတွင် ဘာစီလိုနာတိုက်စစ်မှူးများ မပါဝင်ခဲ့

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ချန်ပီယံလိဂ်အုပ်စုအဆင့်အကောင်းဆုံးအသင်းတွင် မပါဝင်ခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူးများ

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် နောက်ဆုံးဆန်ကာတင် ၃ ဦးစာရင်းတွင်ပါဝင်ခဲ့သော ဘာစီလိုနာတိုက်စစ်မှူး၂ ဦးဖြစ်သည့် မက်ဆီနှင့်နေမာတို့သည် ယူအီးအက်ဖ်အေကထုတ်ပြန်ခဲ့သော ချန်ပီယံလိဂ်အုပ်စုအဆင့်အကောင်းဆုံး ၁၁ ယောက်စာရင်း၌ မပါဝင်ခဲ့ကြောင်းသိရပြီး ဘာစီလိုနာအတွက် အုပ်စုပွဲစဉ်များတွင် ၅ ဂိုးသွင်းပေးနိုင်ခဲ့သော ဆွာရက်ဇ်လည်းမပါဝင်ခဲ့ကြောင်းသိရသည်။

မက်ဆီ၊ နေမာနှင့် ဆွာရက်ဇ် ဦးဆောင်သော ၃ ဦးတွဲတိုက်စစ်သည် ဘာစီလိုနာအတွက် ယခုရာသီ၌ သွင်းဂိုးအရေအတွက် ၄၆ ဂိုးရရှိထားပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ၃ ဦးပေါင်း ၁၀ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ ဘာစီလိုနာအား ရမှတ် ၁၄ မှတ်ဖြင့် ရှုံးထွက်အဆင့်သို့ပို့ဆောင်ပေးနိုင်ခဲ့သည်။

ယူအီးအက်ဖ်အေက ယခုထုတ်ပြန်ခဲ့သော အုပ်စုအကောင်းဆုံး ၁၁ ယောက်တွင် ၄-၃-၃ ကစားကွက်ဖြင့် တိုက်စစ် ၃ ယောက်နေရာ၌ ရီးရဲလ်မက်ဒရစ် မှ ရော်နယ်ဒို၊ ဇင်းနစ်မှ ဟော့ခ်နှင့် ဘိုင်ယန်မြူးနစ်မှ မူလာတို့ ရွေးချယ်ခံခဲ့ရသည်။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များတွင် ယခင်နှစ်က ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရရှိခဲ့သည့် ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်၏ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ၌ ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး မက်ဆီမှာ အုပ်စုအဆင့်ကာလတွင် ဒူးဒဏ်ရာကြောင့် ၇ ပတ်ခန့်အနားယူခဲ့ရသည့်အတွက် ဘာစီလိုနာအတွက် ၃ ပွဲသာကစားပေးနိုင်ခဲ့ပြီး ၃ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

ပရီးမီးယားလိဂ်ကိုယ်စားပြုကစားသမားများအဖြစ် ကွင်းလယ်နေရာ၌ ချဲလ်ဆီးမှ ဝီလီယံ နှင့် မန်စီးတီးမှ စတာလင်တို့ ရွေးချယ်ခံခဲ့ရပြီး ဝီလီယံမှာ ချဲလ်ဆီးအတွက် ၅ ဂိုးသွင်းယူပေးနိုင်ခဲ့ကာ စတာလင်မှာ မိုချန်ဂလာဘတ်နှင့် အုပ်စုနောက်စုပွဲစဉ်၌သွင်းယူခဲ့သည့် ၂ ဂိုးအပါအ၀င် မန်စီးတီးအတွက် ၃ ဂိုးသွင်းယူနိုင်ခဲ့သည်။

comments

error: Content is protected !!