အာဆင်နယ်နှင့်ပွဲတွင် တိုက်စစ်မှူးအဂူရို ပြန်လည်ပွဲထွက်နိုင်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဆောက်သမ်တန်နှင့်ပွဲတွင် အဂူရိုဒဏ်ရာရရှိသွားစဉ်

မန်စီးတီးတိုက်စစ်မှူးအဂူရိုမှာ ဖနောင့်ဒဏ်ရာကြောင့် ပွဲစဉ် ၄ ပွဲလွဲချော်ခဲ့ပြီးနောက် ယမန်နေ့က အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီး အမ်းမရိတ်စ်တွင်သွားရောက်ယှဉ်ပြိုင်ရမည့် အာဆင်နယ်နှင့်ပွဲတွင် ပြန်လည်ပါဝင်ခွင့်ရဖွယ်ရှိကြောင်း သိရသည်။

အဆိုပါအာဂျင်တီးနားတိုက်စစ်မှူးမှာ လက်ရွေးစင်အသင်းအတွက်ပါဝင်ကစားပေးသည့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့သဖြင့် ၇ ပွဲလွဲချော်ခဲ့ပြီးနောက် ပြန်လည်ပွဲထွက်ခွင့်ရရှိခဲ့သည့် ၃ ပွဲအပြီး ဆောက်သမ်တန်နှင့်ပွဲ၌ ဖနောင့်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အဂူရို၏အခြေအနေနှင့်ပတ်သက်၍ နည်းပြပယ်လီဂရီနီက ”အဂူရိုရဲ့အခြေအနေတိုးတက်ကောင်းမွန်နေပြီး အာဆင်နယ်နဲ့ကစားမယ့်ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝလာမယ့်လို့ မျှော်လင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

ယမန်နေ့ကပြုလုပ်ခဲ့သည့်လေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူနေရသည့် နောက်ခံလူကွန်ပနီနှင့် ဇာဘလက်တာတို့သည်လည်း ပြန်လည်ပါဝင်နိုင်ခဲ့ကြောင်း သိရသည်။

comments

error: Content is protected !!