လာမည့်နှစ် ဖေဖော်ဝါရီလအထိ ၀ဲလ်ဘတ်အနားယူရဦးမည်

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
ဒဏ်ရာကြောင့် ဖေဖော်ဝါရီလအထိ အနားယူရမည့် ၀ဲလ်ဘတ်

အာဆင်နယ်တိုက်စစ်မှူးဝဲလ်ဘတ်သည် လက်ရွေးစင်အင်္ဂလန်အသင်းနှင့်ပါဝင်ကစားခဲ့သည့် ပြီးခဲ့သော စက်တင်ဘာလကရရှိခဲ့သည့် ဒူးဒဏ်ရာမှာ လာမည့်ဇန်န၀ါရီလတွင် ပြန်လည်ကောင်းမွန်မည်ဟု မျှော်လင့်ခဲ့သော်လည်း ဖေဖော်ဝါရီလအထိ အနားယူရဦးမည်ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် ဘာစီလိုနာနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပထမအကျော့အဖြစ် ဖေဖော်ဝါရီလ၊ ၁၆-၁၇၊ ၂၃-၂၄ရက်နေ့၌ ကစားရမည်ဖြစ်ကာ ဒုတိယအကျော့အဖြစ် မတ်လ၊ ၈-၉၊ ၁၅-၁၆ ရက်နေ့တွင် ကစားရမည်ဖြစ်သဖြင့် ထိုပွဲများတွင် တိုက်စစ်မှူးဝဲလ်ဘတ်ပြန်လည်ပွဲထွက်ရန် မျှော်လင့်လျက်ရှိသည်။

တိုက်စစ်မှူးဝဲလ်ဘတ်မှာ ဒဏ်ရာပြဿနာမှ လွတ်မြောက်လာပါက ယူရိုပြိုင်ပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်း၌ ပါဝင်ခွင့်ရရှိရန်အတွက် ဗာဒီ၊ ဟယ်ရီကိန်း၊ ရွန်နီ၊ စတာရစ်ခ်ျတို့နှင့် အပြိုင်ကြိုးပမ်းရမည်ဖြစ်သည်။

comments

error: Content is protected !!