ဗာဒီနှင့် မာရက်ဇ်တို့ကို ရောင်းချမည်မဟုတ်ဟု ရေနီယာရီပြောကြား

Share on Facebook0Tweet about this on TwitterShare on Google+0Share on Reddit0
4
လက်စတာဂိုးသွင်းစက် မာရက်ဇ်နှင့် ဗာဒီ

ချဲလ်ဆီးအား ၂-၁ ဖြင့်အနိုင်ရရှိပြီးနောက် လက်စတာနည်းပြရေနီယာနီက ဗာဒီနှင့် မာရက်ဇ်တို့သည် ရောင်းချမည့်ကစားသမားများမဟုတ်ဟု ပြောကြားခဲ့ကြောင်းသိရသည်။

ချဲလ်ဆီးနှင့်ပွဲစဉ်၌ လက်စတာတိုက်စစ်မှူးဗာဒီသည် ယခုရာသီအတွက် ၎င်း၏ ၁၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဂိုးအားအသင်းဖော်မာရက်ဇ်၏ ဖြတ်တင်ပေးပို့မှုမှတစ်ဆင့်သွင်းယူနိုင်ခဲ့ကာ မာရက်ဇ်ကလည်း ၎င်း၏ ၁၁ ကြိမ်မြောက်လိဂ်ဂိုးအား လှပသေသပ်စွာသွင်းယူနိုင်ခဲ့သည်။

လက်စတာနည်းပြရေနီယာရီက “ဒီဇန်နဝါရီမှာ ဗာဒီနှင့်မာရက်ဇ်ကို ဘယ်သူမှဝယ်ယူနိုင်မှာမဟုတ်ပါဘူး။ သူတို့နှစ်ယောက်ကို တန်ဖိုးသတ်မှတ်လို့မရပါဘူး။ တခြားအသင်းတွေကလည်း ဝယ်ယူဖို့ငွေကြေးတတ်နိုင်ကြမှာမဟုတ်ပါဘူး” ဟုပြောကြားခဲ့သည်။

ဗာဒီသည်လွန်ခဲ့သည့် ၄ နှစ်ခန့်က အပျော်တမ်းလိဂ်အသင်းများတွင်ကစားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လက်စတာသို့ ပေါင် ၁ သန်းဖြင့်ရောက်ရှိခဲ့ကာ ယခုရာသီ၌ လက်စတာအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နေလျက်ရှိသည်။

လက်စတာတောင်ပံကစားသမား မာရက်ဇ် မှာ၂၀၁၄ ခုနှစ်တွင် ပြင်သစ်လီဂူး ၂ မှ လက်စတာသို့ ပေါင် ၄ သိန်းဖြင့်ပြောင်းရွှေ့လာခဲ့ကြောင်းသိရသည်။

ဗာဒီနှင့် မာရက်ဇ်တို့သည် ယခုနှစ်ရာသီတွင်အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကြပြီး ပွဲစဉ် ၁၆ ပြီးဆုံးချိန်၌ လက်စတာကို ဒုတိယနေရာမှ အာဆင်နယ်နှင့် ၂ မှတ်ကွာ အနေအထားသို့ ပို့ဆောင်ပေးထားနိုင်ခဲ့သည်။

ယမန်နှစ်ရာသီက လက်စတာကို နည်းပြပီယာဆန်ကိုင်တွယ်ခဲ့စဉ် ပွဲစဉ် ၁၆ ပြီးဆုံးချိန်၌ ဇယားအောက်ခြေ၌ရပ်တည်ခဲ့သည်။

comments

error: Content is protected !!