ဆဲလ်တာဗီဂိုတိုက်စစ်မှူး နိုလီတို တံကောက်ကြောဒဏ်ရာကြောင့် ၄ ပတ်ခန့်အနားယူရမည်
|
တံကောက်ကြောဒဏ်ရာကြောင့် ၁ လခန့် အနားယူရမည့် နိုလီတို
ဆဲလ်တာဗီဂိုအသင်း၏ အားထားရသည့်တိုက်စစ်မှူးတစ်ဦးဖြစ်သည့် နိုလီတိုသည် တံကောက်ကြောဒဏ်ရာကြောင့် ၂၀၁၅ ခုနှစ်အကုန်အထိကစားနိုင်မည်မဟုတ်ကြောင်းသိရသည်။
နိုလီတိုသည် ယခုရာသီတွင် ဆဲလ်တာဗီဂိုအား ပွဲစဉ် ၁၅ အပြီး၌ အဆင့် ၄ နေရာသို့ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ကာ ဘာစီလိုနာအားကစားဒါရိုက်တာ ရောဘတ်ဖာနန်ဒက်ဇ်၏ ထုတ်ဖော်ချီးကျူးမှုခံထားရသည့် တိုက်စစ်မှူးတစ်ဦးဖြစ်သည်။
ဘာစီလိုနာအသင်း၏စိတ်ဝင်စားမှုခံနေရသည်ဟု သတင်းများတွင်ဖော်ပြခြင်းခံခဲ့ရသည့် နိုလီတိုသည် အက်စပန်ညိုအား ၁-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်၌ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
ဆဲလ်တာဗီဂို၏ သတင်းထုတ်ပြန်ချက်၌ နိုလီတို၏ ဒဏ်ရာနှင့်ပတ်သက်၍ “အသင်းဆေးအဖွဲ့က ထုတ်ပြန်မှုအရ နိုလီတိုသည် တံကောက်ကြောဒဏ်ရာရရှိနေသဖြင့် အနည်းဆုံး ၄ ပတ် အနားယူရမည်”ဟု ဖော်ပြထားသည်။
Prev : အခြေအနေဆိုးများမှ မန်ယူပြန်လည်ရုန်းထလာမည်ဟု မာတာ ဆို
Next : ချန်ပီယံလိဂ်အုပ်စုအဆင့် အကောင်းဆုံးအသင်းတွင် ဘာစီလိုနာတိုက်စစ်မှူးများ မပါဝင်ခဲ့
Next : ချန်ပီယံလိဂ်အုပ်စုအဆင့် အကောင်းဆုံးအသင်းတွင် ဘာစီလိုနာတိုက်စစ်မှူးများ မပါဝင်ခဲ့